Chapter -27

1.3K 217 3
                                    

အစ်ကို့အတွက် ထမင်းဘူးထည့်ပြီးနောက်တော့ ice coffeeကို ဖျော်ကာဘူးထဲထည့်လိုက်တယ်။ အသီးထည့်ထားတဲ့ဘူးရယ်၊ လက်သုတ်ပုဝါရယ်၊ ဇွန်းခက်ရင်းရယ်၊
တစ်ရှူးထုပ်ရယ်ကိုပါ ခြင်းထဲထည့်လိုက်ပြီးတော့ နေ့လယ်စာပို့ဖို့ Taehyungပြင်ဆင်တာပြီးဆုံးသွားချေပြီ။

အစားအသောက်တွေထည့်ထားတဲ့ခြင်းရယ်၊ အစ်ကို့အတွက် အဝတ်အစားအပို ထည့်ထားတဲ့အိတ်ရယ်ကို ယူပြီးတော့ အစ်ကိုရှိရာကို သူထွက်လာခဲ့လိုက်တော့တယ်။ ပြီးခဲ့တဲ့နှင်းမုန်တိုင်းကြောင့် Shivera နဲ့ Tolafia တောင်ခြေမှာရှိတဲ့ စက်ရုံတချို့ အနည်းငယ်ပျက်စီးသွားခဲ့တဲ့အပြင် မြို့ထဲက အိမ်‌ဆယ်လုံးလောက်လည်း အထိအခိုက်ရှိခဲ့တာကြောင့်  ပြုပြင်ရေးတွေလုပ်ဆောင်နေကြရတယ်။

ဒီလုပ်ငန်းစဉ်တွေအတွက် တာဝန်ခံအသီးသီးရှိကြပေမယ့်လည်း အစ်ကိုက တစ်နေ့လုံးစောင့်ကြည့်ကာ အလုပ်တွေကိုကူညီဆောင်ရွက်ပေးတယ်။ မနက်ဆို အစောကြီးထပြီး မနက်စာစားပြီးတာနဲ့ အိမ်ကထွက်သွားတာ ညဆိုလည်း မိုးစုန်းစုန်းချုပ်မှပြန်လာတာကြောင့် ပြုပြင်ရေးလုပ်ဆောင်နေတဲ့ ဒီနှစ်ရက်အတွင်း အစ်ကို့အတွက် သူကထမင်းဘူးပို့ပေးဖြစ်တယ်။ အစ်ကိုက သူအလုပ်ရှုပ်မှာစိုးလို့ လာမပို့ပေးဖို့ တားပေမယ့်လည်း အစားရွေးသလို အလုပ်များရင်ထမင်းစားချိန်ကို ဂရုမစိုက်တတ်တဲ့အစ်ကို့အကြောင်းကို သူက သိနေတာဆိုတော့ အတင်းပို့ပေးရတာပဲ။ တကယ်လည်း လာမပို့ပါနဲ့လို့တားတဲ့အစ်ကိုက သူထမင်းဘူးသွားပို့ပေးတိုင်း တလက်လက်တောက်ပနေတဲ့ မျက်လုံးလေးတွေနဲ့ ကြိုတယ်။

"ဘယ်ကိုလဲ သခင်လေး.....အကြီးအကဲကို နေ့လယ်စာပို့ဖို့လား......"

မြို့လမ်းမကြီးဘေးမှာ  ဆော့နေတဲ့ကလေးတသိုက်က သူ့ကိုမြင်တော့လှမ်းအော်နှုတ်ဆက်ကြတယ်။

"ဟုတ်ပါ့........မင်းတို့ရော နေ့လယ်စာပြန်မစားကြဘူးလား......"

"သခင်လေးကလဲ ပြောတော့မယ်...အခုမှ ၁၀နာရီခွဲပဲရှိသေးတာကို......."

ကလေးတွေရဲ့ပြန်ဖြေစကားကို ကြားရတော့မှစိတ်လောစွာနဲ့ အစ်ကို့ဆီကိုထွက်လာမိတဲ့ ကိုယ့်အဖြစ်ကိုယ် သတိရသွားတာကြောင့် Taehyung ပြုံးလိုက်မိတယ်။

Rose LandWhere stories live. Discover now