Extra -5

509 78 5
                                    

Jimin ဆန္ဒအတိုင်းမနက်ခင်းပိုင်းမှာပဲ သူတို့ ကားနဲ့မြို့ထဲကိုထွက်လာခဲ့ကြပြီး ပထမဦးဆုံးဝယ်စရာရှိတာဝယ်ဖို့ Lotte world ကိုသွားခဲ့ကြတယ်။ ဆောင်းဦးအဝင်ဖြစ်တာကြောင့် မြို့ထဲမှာသွားလာနေကြသူတွေဟာ fashion အသစ်နဲ့ဖြစ်ကြသလို Lotte ကအထည်ဆိုင်တွေမှာလည်း Fashion အသစ်တွေအပြိုင်အဆိုင်တင်ထားကြတယ်။ Jungkook မှာ Jiminနဲ့စိတ်ကောက်နေတာကြောင့် ဆောင်းဦး fashion ကိုလည်းစိတ်မဝင်စားနိုင်ပေမယ့် Jimin ကတော့ Lotte world ကိုရောက်ကတည်းက အင်္ကျီ ဘောင်းဘီရွေးရင်း အလုပ်များတော့တယ်။ ဒါပေမယ့်သူ့အတွက်ပဲတော့မဟုတ် Jungkook အတွက်လည်းဝယ်ပေးသေးတာ။

"ဒါလေးဝတ်ကြည့်......."

အဝါရောင်အခံမှာအဖြူရောင်ပန်းအခက်တွေပါတဲ့ shirt လက်တိုကိုအဖြူရောင် ဘောင်းဘီရှည်နဲ့တွဲဝတ်စေကာ အဝါရောင်နေကာမျက်မှန်ကြီးလည်း Jiminက သူ့ကိုတပ်ခိုင်းတယ်။ ပြီးတော့အနားကိုတိုးလာကာ ဘယ်ကယူလာမှန်းမသိတဲ့နှုတ်ခမ်းမွှေးကိုပါတပ်ပေးသွားတယ်။ အရောင်းဝန်ထမ်းတွေက Jiminသူ့ကိုနှုတ်ခမ်းမွှေးတပ်ပေးတာကို ရယ်ချင်တဲ့မျက်လုံးနဲ့ကြည့်ကြပေမယ့် Jungkook ကတော့ခပ်တည်တည်ပါပဲ။

လုပ်ချင်တာလုပ်ပြီးပျော်နေတဲ့ Jiminက Jungkook ကိုသာ ရွေးထားတဲ့အင်္ကျီအသစ်ဝတ်ခိုင်းတာမဟုတ်ဘဲ သူကိုယ်တိုင်လည်း အင်္ကျီဘောင်းဘီတွေကိုရွေးယူပြီး fitting Room ထဲဝင်သွားတယ်။

Fitting Room ကပြန်ထွက်လာတော့ Jimin အဖြူရောင်မှာအပြာနဲ့အနီအစင်းလေးတွေပါတဲ့လက်ရှည် Tshirt အပေါ်က အဖြူရောင် T shirt လက်တိုကိုထပ်ဝတ်ထားတာကို Jungkookတွေ့ရတယ်။ ဒါတင်မကဘဲ  Jiminက ဂျင်းဘောင်းဘီအရှည်ပွပွအပြာရောင်လေးကိုဝတ်ကာ ဦးထုပ်လေးပါဆောင်းထားသေးတယ်။ ကြည့်လိုက်ရင် တကယ့်သုံးနှစ်သားလေးလို။

Jungkook အသည်းယားစွာငေးကြည့်နေပြီးမှ ပတ်ဝန်းကျင်ကို ငဲ့ကြည့်တော့ အရောင်းဝန်ထမ်းတွေသာမက ဖြတ်သွားဖြတ်လာတွေကပါ သူ့ကလေးကို ဝိုင်းကြည့်နေကြတာ။ သဝန်တိုတာကြောင့် အနားမှာကပ်နေလိုက်တော့ သူ့ကိုကြည့်ပြီး လူတွေကမျက်ခုံးပင့်ကြတယ်။ မသိစိတ်ရဲ့နှိုးဆော်မှုကြောင့် ဆိုင်ထဲမှာရှိနေတဲ့မှန်ဘက်ကိုကြည့်လိုက်တော့ သူတို့ပုံစံက ဦးလေးကြီးနဲ့ ကလေးပေါက်စလို။ဟုတ်တယ်လေ....ဟိုကသုံးနှစ်သားပုံစံ၊ သူကနှုတ်ခမ်းမွှေးနဲ့။ သူဝတ်ထားတဲ့ shirt နဲ့ဘောငါးဘီဟာ ဒီတိုင်းဆိုအထာကျပေမယ့်နေကာမျက်မှန်နဲ့ နှုတ်ခမ်းမွှေးပေါင်းစပ်လိုက်တော့ Taxi driver ဦးလေးကြီးနဲ့တူနေတယ်။

Rose LandWhere stories live. Discover now