Chapter-39 (Part-2)

1.1K 184 35
                                    

ဦးလေးဖြစ်သူ အခေါ်လွှတ်တာကြောင့် သွားရောက်တွေ့ဆုံပြီးလို့ နန်းဆောင်ကနေပြန်ထွက်လာတော့ Jimin ခေါင်းထဲမှာအတွေးတွေနဲ့ ရှုပ်ယှက်ခတ်နေခဲ့တယ်။ တစ်ဦးတည်း‌သောဦးလေးရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိသလို၊ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုလည်း သူ မစွန့်လွှတ်နိုင်ဘူးလေ။ ဦးလေးလို မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်နဲ့ အတိုက်အခံဖြစ်တာဟာ ဘာမှကောင်းကျိုးမရှိတာကို သိထားတဲ့အတွက် အငြင်းအခုန်မလုပ်ခဲ့ပေမယ့် သေချာလွန်းနေတဲ့ သူ့စိတ်ဟာ ဆက်ခံသူဖြစ်ဖို့ ဆန္ဒလုံးဝရှိမနေခဲ့ပါဘူး။

သူနဲ့ ဇာတာတူတဲ့သူကို ရှာထားတယ်ဆိုတဲ့အထိ ဦးလေး ဘက်ကပြင်ဆင်ပြီးနေပြီဆိုရင်
သူကလည်း ကြိုတင်လုပ်ဆောင်သင့်တာတွေကို အစီအစဉ်ချထားမှပဲဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေမှာ သူ့အနား Taehyung သာရှိနေရင်ကောင်းမှာပဲလို့ တွေးမိပေမယ့် တနေ့ကပဲ တောင်ပိုင်းဒေသကို Taehyung က ခရီးထွက်သွားခဲ့ချေပြီ။ စာပို့ပြီးတိုင်ပင်လို့တော့ရနိုင်ပေမယ့် သူ့အတွက် Taehyung နောက်ဆံတင်းရတာကို မဖြစ်စေချင်တာကြောင့် ကိုယ့်ဘာသာကိုယ်ပဲ‌ ဖြေရှင်းဖို့ဆုံးဖြတ်ချက်ချလိုက်မိတယ်။

နောက်တော့ Jimin ခြေလှမ်းတွေဟာ သမားတော်ကြီးနေထိုင်ရာ နတ်နန်းဆီကို ဦးတည်သွားခဲ့ပါတော့တယ်။

.......................... Rose land......................

စမ်းချောင်းမှာ ရေစိမ်ချိုးလိုက်‌တော့မှပဲ တစ်နေ့လုံးပင်ပန်းခဲ့ရသမျှ သက်သာသွားတယ်လို့ Jimin ထင်မိတယ်။ တောင်ပိုင်းဒေသက လင်းယုန်နက်မျိုးနွယ်တွေ သူတို့ဆီကို အလည်အပတ်ရောက်လာတဲ့အချိန်ဖြစ်တာကြောင့်  ကြိုဆိုဂုဏ်ပြုပွဲကျင်းပဖို့အတွက်တာဝန်တွေများပြားလွန်းတဲ့ ဒီကာလမှာ နယ်စပ်ဒေသတလျှောက်ထင်းရှူးပင်တွေစိုက်ဖို့ သူ့ကိုတာဝန်ပေးခဲ့တဲ့ဦးလေးဖြစ်သူကို Jimin နားမလည်နိုင်တော့ပါဘူး။

အရေးကြီးတာမဟုတ်ဘဲနဲ့ သူ့ကို သီးသန့်တာဝန်ပေးလာပေမယ့် ကိုယ်တိုင်ကလည်းဦးလေးနဲ့ ဝေးဝေးနေရင် ဒီရက်ပိုင်းလုပ်ဆောင်စရာရှိတာတွေပိုအဆင်ပြေနိုင်တာကြောင့်သာ ဝမ်းမြောက်ဝမ်းသာနဲ့ ပေးအပ်လာတဲ့တာဝန်ကိုလက်ခံယူခဲ့တာ။ ကိုယ်ဖြစ်ချင်တာဖြစ်ခွင့်ရတော့မှာပဲလို့ တွေးရုံနဲ့တင် စိတ်ချမ်းသာလာတာကြောင့် သိပ်မကြာသေးခင်က ခံယူထားတဲ့ ဘယ်ဘက်ပုခုံးပေါ်ကက ချယ်ရီပန်းပုံအမှတ်တံဆိပ်ကိုလက်နဲ့ပွတ်သပ်ကြည့်ရင်း စိတ်ချမ်းမြေ့စွာပြုံးလိုက်မိတယ်။

Rose LandWhere stories live. Discover now