Green land ကိုသူတို့ရောက်လာတဲ့အချိန်ဟာ မနက်ဆယ်နာရီခွဲလောက်ပဲရှိပါသေးတယ်။ နားနေရမယ့်သစ်သားအဆောင်မှာ
အထုပ်အပိုးတွေနေရာချကာ အဝတ်အစားလဲပြီးနောက် နေ့လယ်စာစားဖို့လည်း စောသေးတာကြောင့် နှင်းဆီခင်းတွေကို ကြည့်ဖို့ပဲအရင်ထွက်လာခဲ့ကြတယ်။ ဒီအဆောင်ဟာ နယ်စပ်နှစ်ခုကြားကအဆောင်တွေလိုမဟုတ်တော့ဘဲ ဟိုအရင်ကတွေ့ခဲ့ရတဲ့ လေးဘက်လေးတန်အကာအကွယ် မရှိတဲ့ သစ်သားအဆောက်အဦပဲဖြစ်ပါတယ်။ အဆောင်ကနေ ထွက်လာပြီး နာရီဝက်ခန့်လမ်းလျှောက်ပြီးတော့ green Land ရဲ့ထူးခြားချက်တွေကို ပိုပြီးသိသာထင်ရှားစွာမြင်တွေ့လာရတယ်။"ဒီနေရာက လှတယ်မှတ်လား Jungkook....."
"လှတာပေါ့.....ဒီနေရာက တကယ့်သဘာဝတရားစစ်စစ်ပဲနော် Jimin...."
Rose landရဲ့ နယ်မြေအားလုံးဟာ သဘာဝတရားသီးသန့်ဆိုပေမယ့် ဒီနေရာကတော့ အထူးတလည်တင်စားပြောရအောင်
သိပ်ကိုလှပပါတယ်။Pink land ကနေ Green land ကိုနယ်မြေကူးပြောင်းတာနဲ့ပထမဆုံးသတိပြုမိတဲ့ အချက်ဟာ ကျောက်ဆောင်တွေ၊ ကျောက်သားလှိုဏ်ဂူတွေကို နေရာအတော်များများမှာတွေ့ရတာပဲဖြစ်တယ်။ ပြီးတော့ အစိမ်းရောင်နှင်းဆီတွေကလည်း အခင်းလိုက်၊အခင်းလိုက်လှလှပပဖူးပွင့်နေကြတာဆိုတော့ သဘာဝလွန်နယ်မြေတစ်ခုကိုရောက်ရှိသွားသလို ခံစားရစေတယ်။
အဖြူနဲ့ပန်းရောင်နှင်းဆီပန်းတွေကို သဘာဝအတိုင်းစိုက်ပျိုးတာ ကိုရီးယားမှာလည်းတွေ့ဖူးပေမယ့် နှင်းဆီပန်းအစိမ်းရောင်စိုက်ခင်းကိုတော့မမြင်ဖူးတာကြောင့် သူ့အတွက်ဆန်းကြယ်နေခဲ့ပြီး နှင်းဆီတွေရဲ့အရောင်ဟာ အစိမ်းရောင်ဖျော့ဖျော့ဖြစ်နေတာကလည်း သဘာဝပိုဆန်တယ်လို့ သူ့ကိုခံစားမိစေတယ်။
"ကျွန်တော်တို့ လျှောက်ကြည့်ကြမယ်လေ....
ဒီမှာရှိတဲ့ ကျောက်ဂူတွေကတအားလှတာ... ဒီမှာ ရေတံခွန်တစ်ခုနဲ့ ရေပူစမ်းတစ်ခုလည်းရှိတယ်....."အရွယ်မရောက်ခင်က ဖွားဖွား၊ဖေဖေနဲ့ Taehyung အပါအဝင်မိသားစုလိုက် ခရီးအဖြစ် ဒီနေရာကိုအကြိမ်ကြိမ်ရောက်ဖူးခဲ့တာကြောင့်ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာသိနေတဲ့ Jimin ကပဲဦးဆောင်ကာ Jungkook ကို Green land အနှံ့လိုက်ပို့ပေးဖို့စီစဉ်တယ်။