Extra-2

546 86 19
                                    

ဖုန်းနဲ့Taehyung ပြောတာကိုနားထောင်နေရင်း Jimin အသံထွက်အောင်ရယ်မိတယ်။
ဘယ့်နှယ့်... နှမ်းရွက်အကြောင်းပြောကြရင်း အစ်ကို Hoseok နဲ့စကားများကြတယ်တဲ့လေ။ ဘယ်လိုတောင် ကလေးဆန်လိုက်လေသလဲ။ သိပ်မကြာခင်ကျောင်းတက်ရတော့မှာမို့လို့ သူက Jungkook ဆီလာခဲ့သလို၊ Taehyung ကလည်း အစ်ကိုနဲ့တွေ့ဖို့ Rose Land ကိုပြန်သွားခဲ့တယ်။
ကြည့်ရတာ.....ချစ်ကြည်နူးနေရင်းကစကားများကြတယ်ထင်ပါ့။

"မင်းကဘာလို့ရယ်တာလဲ......"

"မင်းပြောတာရယ်ရတာကိုး......."

တဟားဟားရယ်နေတဲ့ Jimin ကို Taehyung ကရန်လုပ်တယ်။ သူများတကယ်ခံစားနေရတာကို
ဘယ်လိုများရယ်ရက်ရတာလဲ။

"နှမ်းရွက်ခွာပေးလို့ရ၊မရဆိုတာ မင်း ဒီလောက်ခံစားနေစရာလား Taehyung ရာ....."

ညစာအတူစားရင်း သူငယ်ချင်းကို ကိုယ့်ချစ်သူက နှမ်းရွက်ခွာပေးလို့ရ၊မရဆိုတဲ့အကြောင်း အစ်ကို Hoseok နဲ့ Taehyung စကားဆက်မိကြတယ်တဲ့။ ပြဿနာက အစ်ကို Hoseok က နှမ်းရွက်ခွာပေးခြင်း၊မခွာပေးခြင်းကို အာရုံမရှိပေမယ့် Taehyung ကတော့ အရမ်းတွေအထိမခံဖြစ်နေတာ။

"မင်း စဉ်းစားလေ......ထမင်းစားရင်းသုံးထားတဲ့တူနဲ့အဲ့ဒီနှမ်းရွက်ကိုခွာပေးမယ်ဆိုရင် ဘာဖြစ်သွားမလဲ......ငါတော့လက်မခံနိုင်ဘူး.....အသေးစားရန်ပွဲလောက်တော့ဖြစ်မှာပဲ သေချာတယ်...."

သူချစ်တဲ့သူကို လူတွေစေ့စေ့ကြည့်တာတောင်
မကြိုက်တာ ဘယ်လိုများ နှမ်းရွက်ခွာပေးတာကို ကြည့်နေရမှာလဲ ဒါမျိုး Kim Taehyung ကို
လာလုပ်လို့မရ။ သူလုံးဝလက်မခံနိုင်ပါ။

"အစ်ကိုကဘာပြောလို့လဲ...."

"အဲ့တာကို အစ်ကိုက တစ်ယောက်နဲ့တစ်ယောက်ယုံကြည်ရင် ကိစ္စမရှိဘူးအသေးအဖွဲတဲ့......"

Taehyung ဖြစ်နေတာက သူကအရမ်းတွေအထိမခံဖြစ်နေတာကို အစ်ကို Hoseok ကကိစ္စမရှိ၊ သဝန်မတိုပါဘူးလို့ပြောတာကို Taehyung စိတ်ကောက်နေတာဖြစ်မယ်။

"အေးလေ.....ငါဆိုလည်း အစားစားနေရရင်
ဒီကိစ္စကိုအာရုံတောင်ရ‌မှာမဟုတ်ဘူး......မင်းကိုက သဝန်တိုလွန်းတယ်....."

Rose LandWhere stories live. Discover now