Hoseok အိမ်ပြန်လာတော့ အိပ်ယာပေါ်မှာ ကွေးကွေးလေးလှဲနေတဲ့ Taehyung ကိုတွေ့လိုက်ရတယ်။ နေ့လယ်က သူအိမ်ပြန်ထမင်းစားတော့ Taehyung ကရွှင်ရွှင်လန်းလန်းဆိုပေ
မယ့် အခုတော့ ခန္ဓာကိုယ်ကို ပုစွန်လေးလိုကွေးထားရုံ သာမက မျက်လုံးလေးပါမှိတ်ထားတာကြောင့် သူနဖူးကို အရင်စမ်းကြည့်ရင်းမေးလိုက်မိတယ်။"နေမကောင်းဘူးလား ယောင်းလေး....."
Taehyungက ပျော်ရင်လည်းဟန်မဆောင်တတ်သလို စိတ်တိုဒေါသထွက်ရင်လည်း ဖုံးကွယ်မထားတတ်တဲ့ကလေးမျိုးဆိုပေမယ့်
အဲ့လို ကလေးဆန်ဆန်အပြုအမူလေးတွေကိုပဲသူက ချစ်နေရတာဆိုတော့ အခုလိုမျက်နှာမကောင်းဘဲ ငြိမ်သွားရင်ကို စိတ်ပူမိတာပဲ။"အစ်ကို ပြန်လာပြီလား....."
ကုတင်ပေါ်မှာ သူဝင်ထိုင်လိုက်တော့ Taehyung က ပေါင်ပေါ်ကိုခေါင်းအုံးပြီး ခါးကိုဖက်ကာ ဗိုက်မှာမျက်နှာအပ်ထားတယ်။
ဒီလိုအပြုအမူဟာ Taehyung တစ်ခုခုကို စိတ်ညစ်လာတိုင်း၊ သူ့ဆီက နှစ်သိမ့်မှုကို လိုအပ်လာတိုင်း အမြဲတွေ့ရလေ့ရှိတာကြောင့်
အကြောင်းအရင်းကို သိဖို့ မေးရတယ်။"စိတ်ညစ်စရာ တစ်ခုခုရှိနေတာလား ယောင်း......"
ကောက်ကောက်ကွေးကွေးဆံပင်ဖွာဖွာလေးတွေကို ဖွပေးရင်း ချော့မော့မေးပေမယ့် Taehyungက ခေါင်းခါပြတယ်။
"အစည်းအဝေးလုပ်တာ အဆင်ပြေခဲ့ရဲ့လား အစ်ကို....မိုးလေဝသဌာနကရော ခန့်မှန်းချက်ပေးပြီလား...."
စိတ်မကြည်လင်နေပေမယ့်လည်း Taehyung က Hoseok အလုပ်ကိစ္စကိုတော့ စိတ်ဝင်တစားမေးတယ်။ ပုံမှန်ဆို လကုန်ရက်မှအစည်းအဝေးလုပ်ရမှာဆိုပေမယ့် ရာသီဥတုအပြောင်းအလဲကြောင့် ဒီနေ့အရေးပေါ်အစည်းအဝေးလုပ်ရတယ်လေ။
"နှင်းမုန်တိုင်းလာနိုင်တယ်ဆိုတဲ့ ကနဦးခန့်မှန်းချက်တော့ ရလာပြီ...တိတိကျကျတော့ မနက်ဖြန်မနက်ပိုင်းလောက်သိရမယ် ထင်တယ်...."
"အစ်ကို စိတ်ပူနေလားဟင်....."
"မပူပါဘူး ယောင်းရယ်...ဒီလိုဖြစ်တာ
ဒါပထမဆုံးမှမဟုတ်တာ ....."