Chapter-14

1.5K 247 24
                                    

ဒီနေ့မှာ‌တော့ ကတိသစ္စာပြုပွဲရှိတာကြောင့် Hoseokနဲ့ Taehyung မနက်စောစောကတည်းက Shivera‌တောင်‌ပေါ်ကိုရောက်‌ နေခဲ့ကြတယ်။ တောင်ခြေနဲ့ တောင်ထိပ်ကို  Cable carနဲ့ ဆက်သွယ်ထားတာကြောင့် သက်သက်သာသာနဲ့ပဲ တောင်ပေါ်ကိုရောက်လာခဲ့ပြီး အဆင်ပြေပြေပဲ ကတိသစ္စာပြုခြင်းလုပ်ဆောင်နိုင်ခဲ့ကြတယ်။ တောင်ပေါ်က နတ်ကွန်းလေးဟာ အမြင့်ပိုင်းမှာတည်ရှိတာကြောင့် ရာသီဥတုဒါဏ်ကို ပိုခံနိုင်ဖို့ရယ်၊ ပြုပြင်ထိန်းသိမ်းရလွယ်ဖို့ရယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျောက်သားနဲ့ပြုလုပ်ထားပြီး အတွင်းပိုင်းမှာတော့
လူတစ်ရပ်အရွယ်ထိမ်းမြားခြင်းနတ်ဘုရားရဲ့ ရုပ်ထုတည်ရှိတယ်။

လက်မထပ်ခင် စုံတွဲတိုင်းသွားရတဲ့ Shivera တောင်မှာ ကျင်းပမယ့်နတ်ပူဇော်ပွဲဟာ Rose land ရိုးရာအခမ်းအနားတွေထဲကတစ်ခုဖြစ်ပြီး တစ်မြို့လုံးက သိပ်ကိုအလေးအနက်ထားကြတယ်။ Rose landမှာ‌ လက်ထပ်ကြတဲ့စုံတွဲတွေဟာ ကတိသစ္စာပြုခြင်းကို သုံးကြိမ်ပြုလုပ်ကြရတယ်။ပထမဆုံး ကတိသစ္စာပြုခြင်းကို green Landမှာ ပြုလုပ်ကြရပြီး
ဒုတိမြောက်သစ္စာတိုင်တည်မှုပြုခြင်းကို‌တော့ Shivera‌ တောင်ရဲ့ နတ်ကွန်းမှာပြုလုပ်ကြရတယ်။ နောက်ဆုံးအနေနဲ့ ကလီယာနေထိုင်တဲ့ မြို့အပြင်က နတ်ကွန်းမှာ ကတိသစ္စာပြုပြီးရင်တော့ လက်ထပ်ပွဲကျင်းပခြင်းပြီးမြောက်သွားပြီဖြစ်တယ်။

ဒီအခမ်းအနား သုံးခုမှာ ပထမဆုံးနှစ်ခုကိုကျင်းပဖို့အတွက် ကာယကံရှင်စုံတွဲမှအပ အပြင်လူရှိမနေရသလို နောက်ဆုံးသစ္စာပြုပွဲမှာလည်း ဆုတောင်းစကားပြောပေးတဲ့
ကလီယာမှအပ တခြားသူတက်ရောက်ခွင့်မရှိဘူး။ အသိမိတ်ဆွေတွေ၊နှစ်ဖက်မိဘနဲ့ ဧည့်သည်တွေကို အစားအသောက်နဲ့တည်ခင်း ဧည့်ခံတဲ့အခမ်းအနားကတော့ သစ္စာပြုခြင်းအခမ်းအနား သုံးခုလုံးပြီးဆုံးသွားပြီးနောက်မှာမှ ရက်ကောင်းတစ်ရက်ရွေးပြီးကျင်းပကြတယ်။

လူနှစ်ယောက် တစ်သက်လုံးအတူရှိနေဖို့ကတိသစ္စာပြုခြင်းဟာ သစ္စာစောင့်သိရမယ့်လူနှစ်ယောက်နဲ့ပြည့်စုံပြီး တခြားသူတွေက အသိသက်သေလုပ်ပေးဖို့ မလိုအပ်ဘူးဆိုတဲ့
ခံယူချက်နဲ့ စတင်ခဲ့တဲ့ ဒီလို လက်ထပ်ပွဲအစဉ်အလာက နိုင်ငံရပ်ခြားကလူတွေအတွက်တော့ ထူးဆန်းကောင်းထူးဆန်းပါလိမ့်မယ်။

Rose LandWhere stories live. Discover now