Extra -1

661 100 21
                                    

"အားလုံးပဲပင်ပန်းသွားကြပြီ......"

ဆရာ projector ကိုပိတ်ကာ နှုတ်ဆက်စကားပြောတော့ laptop ၊စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်လိုက်ပြီး Jungkook ပြန်ဖို့အသင့်ဖြစ်နေပြီ။သူအိမ်ပြန်ဖို့လောနေရတဲ့အကြောင်းက..... ဩစတေးလျတက္ကသိုလ်မှာ ကျောင်းတက်တော့မှာဖြစ်တဲ့ Jimin ဟာကျောင်းမဖွင့်ခင်သူ့အိမ်ကိုအလည်ရောက်နေတယ်လေ။ သူတို့ကျောင်းဖွင့်ချိန်ချင်းမတူတာကို အရင်ကတော့ Jungkook သဘောမကျဖြစ်ခဲ့ပေမယ့် အခုလို သူရှိရာကို Jiminလိုက်လာတော့ ကျေနပ်မိသားရယ်။ ကျောင်းကိုခေါ်လာချင်ပေမယ့် ဒီနေ့မနက်ပိုင်းမှ ကြိုတင်မပြောဘဲ ရုတ်တရက်ကြီး ကိုရီးယားကိုရောက်လာတာဖြစ်လို့ အနားယူဖို့အိမ်မှာထားခဲ့ရတာကြောင့် Jungkook မှာ အိမ်ပြန်ဖို့စိတ်လောနေရတယ်။
သူ့သဘောအတိုင်းဆို ဒီနေ့ကျောင်းမလာချင်ပေမယ့် စာတမ်းတင်ဖို့ကိစ္စရှိနေတာဆိုတော့ ကျောင်းပျက်လို့မရဘူးလေ။

"ပြန်ပြီလား ဂျောင်ဂု......."

"အေး......သွားပြီ......"

အိမ်ပြန်ဖို့နောက်ကျမှာစိုးတာကြောင့် စကားဆက်မနေတော့ဘဲ နှုတ်ဆက်နေတဲ့ အတန်းဖော်တွေကို လက်ပြနှုတ်ဆက်လိုက်ပြီးတော့ ထွက်လာခဲ့လိုက်တယ်။ ကားပါကင်ရှိရာကို အလောတကြီးထွက်လာတဲ့အချိန်မှာ ခပ်လှမ်းလှမ်းက ယူရီ့ကိုသူတွေ့လိုက်ရတယ်။ တစ်ယောက်ထဲမဟုတ်ဘဲ ယူရီဘေးမှာ ကောင်မလေးတစ်ယောက်ရှိပြီး ရယ်ရယ်မောမောစကားတွေပြောနေကြတယ်။ ပထမနှစ်ကျောင်းသူဖြစ်တဲ့ ယူရီဟာ သူနဲ့မကြာခဏတော့ ကျောင်းမှာတွေ့ဖြစ်ကြပေမယ့် ပြုံးပြနှုတ်ဆက်ရုံသာရှိပါတော့တယ်။

Namjoon hyung နဲ့ Yoongi hyung တို့ဟာ NASAမှာ အလုပ်ဝင်နေကြပြီဖြစ်ပြီး ရုံးအထိုင်ကလည်း ဩစတေးလျဘက်မှာဖြစ်တာကြောင့်သူတို့ဆုံဖို့သိပ်မလွယ်တော့ပါဘူး။ Jimin တက္ကသိုလ်တက်လို့ သူလိုက်သွားရင်တော့ သူတို့တွေ့ဖြစ်ကြလိမ့်မယ်ထင်ပါတယ်။

ကားပေါ်ကိုမြန်မြန်တက်ပြီး စက်နှိုးကာမောင်းထွက်လာခဲ့ရင်း သူ့ပေါက်စီလေး မာမီတို့နဲ့အဆင်မှပြေရဲ့လားလို့စိတ်ပူမိပါတယ်။  မနက်ကအစောကြီးအိမ်အထိရောက်လာတဲ့ Jiminကို သူ့အခန်းထဲမှာနားနေခိုင်းထားပြီး ကျောင်းတန်းလာလိုက်ရတာကြောင့် မာမီတို့နဲ့သေချာမိတ်ဆက်မပေးရသေးဘူး။ ယူရီ့ကို ချွေးမတော်ချင်နေတဲ့ မာမီနဲ့ ဒယ်ဒီက သူ့ကလေးလေးကို စိတ်ညစ်အောင်များလုပ်နေလေမလားလို့တွေးမိကာ
အရှိန်နှုန်းကိုရသလောက်မြန်လိုက်ပေမယ့် သူ့စိတ်ကအလောတကြီးဖြစ်နေတာကြောင့် အိမ်ကိုရောက်ဖို့ကြာလွန်း နေသလိုပါပဲ။

Rose LandWhere stories live. Discover now