Chapter-24

1.4K 217 6
                                    

Jungkook နဲ့ Jiminရယ်၊ ဦးလေးရှင်းနဲ့ ဂျီဝူး
ရယ် လေးယောက်လုံးဧည့်ခန်းထဲမှာရှိနေကြပြီး Radioက ထုတ်လွှင့်နေတဲ့ တယောသံအေးအေးလေးကိုနားထောင်နေခဲ့ကြတယ်။

Taehyung နဲ့ phone ပြောပြီးနောက်ထပ်
နှစ်ရက်လောက်အကြာမှာပဲ နှင်းမုန်တိုင်းစတင်တိုက်ခတ်လာခဲ့ပြီး ဒီနှစ်ရက်အတွင်းမှာပဲ Rose landရဲ့ မိုးလေဝသဌာနရဲ့
နှင်းမုန်တိုင်းအတွက်အရေးပေါ်သတိပေးကြေညာချက်တွေဟာ email နဲ့ရော၊ phone call အဖြစ်နဲ့ရော  ဦးလေးရှင်းဆီကိုလိပ်မူပြီး ရောက်ရှိလာခဲ့တယ်။ အဖွားကိုလည်း Jimin က phone ဆက်ပြီး အစစအရာရာအဆင်ပြေတယ်ဆိုတဲ့အကြောင်း ပြောပြပြီးဆိုတော့  ဒီရက်တွေမှာ အေးအေးဆေးဆေးနားပြီး နှင်းမုန်တိုင်းပြီးဖို့ စောင့်နေရုံပဲကျန်ပါတော့တယ်။

တစ်ခုပဲအဆင်မပြေတာက သိပ်မကြာခင်ကာလမှာ သူ Jungkook နဲ့အတူ green Landအထိလိုက်၊မလိုက်ဆိုတာ ဆုံးဖြတ်ရတော့မယ်။ သူနဲ့ Jungkook ဟာ နီးဖို့သိပ်မလွယ်လှပေမယ့် ဝေးဖို့လည်းအကြောင်းပြချက်ရှိနေခဲ့သူတွေမဟုတ်ခဲ့ပါဘူး။ သူတို့စိတ်တွေသာပြတ်သားရင် တစ်ခုခုကို နောင်တတရားမပါဘဲ ရွေးချယ်ခွင့်ရှိကြပါတယ်။
ဒါပေမယ့်လည်း အခုအချိန်ထိမသေချာသေးတာက Jungkook သူ့ကိုချစ်တာဟာ အတိတ်ကပတ်သက်မှုကြောင့်လား၊ ဒါမှမဟုတ် လက်ရှိကာလမှာခုန်လှုပ်နေတဲ့ နှလုံးသားကြောင့်လား ဆိုတာပင်။ အတိတ်နဲ့လက်တွေ့ကိုထပ်တူပြုပြီး စွဲလမ်းခြင်းသက်သက်နဲ့ဆိုရင်တော့  တစ်ဘဝလုံးအတူရှိဖို့ သူတို့နှစ်ယောက်လုံးသေချာ‌စဥ်းစားဆုံးဖြတ်သင့်တယ်လို့ Jimin ကတော့ထင်မိတယ်။

ခေါင်းထဲကို ဖြတ််ပြေးသွားတဲ့အတွေးတွေကို
ဖျောက်ပစ်လိုက်ပြီး သူတို့ထိုင်နေကြတဲ့ဧည့်ခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်မိတော့ Jungkook က လက်ဖက်ရည်တစ်ခွက်ကို ဇိမ်ခံသောက်ရင်း Radio ကလာနေတဲ့ တယောသံကိုနားထောင်နေတယ်။ ဦးလေးရှင်း ကတော့ လက်ဖက်ရည်သောက်ရင်း စာအုပ်ဖတ်နေပြီး ဂျီဝူးကတော့ ပန်းချီဆွဲနေခဲ့ပါတယ်။

"အစ်ကို ကျွန်တော်ဆွဲထားတာကို ကြည့်ပါဦး......"

Jimin ကို ဦးတည်ပြီးပြောလိုက်တာဆိုပေမယ့် ဂျီဝူးရဲ့ စကားသံဟာ Radioကလွှင့်‌နေတဲ့ တယောသံရယ်၊ ချိန်သီးနာရီရဲ့ လက်တံရွေ့လျားနေတဲ့အသံရယ်ပဲထွက်ပေါ်နေတဲ့
ဧည့်ခန်းထဲမှာ ဟိန်းထွက်လာတာကြောင့် သူတို့အားလုံးမတိုင်ပင်ပဲ ပန်းချီဆွဲနေတဲ့ ဂျီဝူးကို လှမ်းကြည့်လိုက်ကြတယ်။

Rose LandWhere stories live. Discover now