Chapter-33

1.5K 236 46
                                    

အိပ်ရာနိုးလာလို့ နာရီကိုလှမ်းကြည့်လိုက်တော့ ညနေ4နာရီကျော်နေခဲ့ပြီ။ အိပ်ရေးဝနေပြီဆိုပေမယ့် စိတ်သိပ်မကြည်လင်တာကြောင့် ‌ခေါင်းအုံးကိုမျက်နှာအပ်လိုက်ပြီး ငြိမ်သက်နေမိတယ်။ အခုလောက်ဆို Jiminတို့ မိုင်အတော်များများခရီးပေါက်နေလောက်ရောပေါ့လို့ တွေးမိပြန်တော့ သူ Jimin ကိုလွမ်းမိပြန်တာပဲ။

သူလည်း နေမကောင်းဖြစ်တာသက်သာနေပြီဆိုတော့ သဘက်ခါလောက် Pink land ကိုခရီးဆက်တော့မယ်။ လေ့လာစရာရှိတာတွေ ၊ပတ်ဝန်းကျင်အပြောင်းအလဲနဲ့ဆိုရင်တော့ Jimin ကိုသတိရတဲ့စိတ်ကသက်သာကောင်းပါရဲ့လေ။ အခုတော့ ခေါင်းအုံးမှာစွဲကျန်နေတဲ့ ကိုယ်သင်းနံ့လေးကို ရှူရှိုက်ရင်း လွမ်းတဲ့စိတ်ကို ကုစားနေရတယ်။ မတွေ့ရတာ နာရီပိုင်းပဲရှိသေးပေမယ့် နေရထိုင်ရအဆင်မပြေလောက်အောင်လွမ်းနေရတယ်ဆိုတော့ ရှေ့ဆက်ရမယ့်ရက်တွေမှာ ဘယ်လိုများနေသွားရပါ့မလဲလို့ သူကတွေးပူမိသေးတယ်။

အိပ်ရာပေါ်မှာ ခွေခေါက်နေရင်း စိတ်လန်းသွားအောင် ခြေလက်ဆေး၊ အဝတ်အစားလဲလိုက်ဖို့တွေးမိတာကြောင့် ရေချိုးခန်းထဲကိုဝင်လာခဲ့လိုက်တယ်။ သွားတိုက်မျက်နှာသစ်ရင်း မှန်မှာထင်ဟပ်လာတဲ့ ကိုယ့်ပုံရိပ်ကိုယ်ကြည့်မိတော့  Jungkook စိတ်ပျက်လက်ပျက်ခေါင်းခါလိုက်တယ်။ ဒီလောက်အိပ်ထားတာတောင် မျက်နှာက ပြည့်ပြည့်ဖြိုးဖြိုးမရှိဘဲ မျက်လုံးတွေကလည်း မှုန်မှုန်မှိုင်းမှိုင်းနဲ့ဆိုတော့ မြင်ရတာ သနားစရာကောင်းနေတာပဲ။

ခြေလက်ဆေးအဝတ်အစားလဲလိုက်ပြီးတော့
မှန်ကြည့်ကာ ရှည်နေပြီဖြစ်တဲ့ ဆံပင်‌တွေကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် စုစည်းလိုက်တယ်။ စိတ်ညစ်နေရင်လည်း fashionကျကျတော့ ဝတ်သင့်တယ်လို့ ဆုံးဖြတ်လိုက်ပြီးနောက်တော့ အဖြူရောင်လည်ပင်းအပိတ်ဆွယ်တာအင်္ကျီကို ဂျင်း‌ဘောင်းဘီအနက်၊ Long coatအနက်ရောင်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တယ်။ အဆုံးသတ်အနေနဲ့ အိတ်ထဲက Tom Fordရေမွှေးပုလင်းကို ထုတ်ဆွတ်လိုက်တော့ သူ ရေမချိုးတာကို ရုပ်တည်လေးနဲ့စနောက်ခဲ့တဲ့ ‌Jiminကိုသတိရသွားပြန်တယ်။

ဒီလိုသာ သတိရနေမယ်ဆိုရင် အချိန်ကြာလေသူ့အတွက်ပိုခက်ခဲလေဖြစ်လာနိုင်တာကြောင့် ဒီခရီးကို မြန်မြန်အဆုံးသတ်မှပဲဖြစ်တော့မယ်။ ဒါမှသာ မြို့ကိုလိုက်သွားပြီး Jimin နဲ့တွေ့လို့ရမယ်မဟုတ်လား။ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကျေနပ်သွားတာကြောင့်သဘက်ခါမနက်တော့ ကျိန်းသေခရီးဆက်တော့မယ်လို့ သူဆုံးဖြတ်လိုက်တယ်။

Rose LandWhere stories live. Discover now