"ဒီလူ့ကို ငါတစ်ချက်လောက်တော့ ထိုးခဲ့သင့်တာ......"
သွားကိုတင်းတင်းစေ့ပြီး ကြိမ်းဝါးစကားပြောနေတဲ့ Taehyungကိုကြည့်ပြီး Jiminမှာ စိတ်လျှော့ဖို့သာသတိပေးနေရတယ်။
"စိတ်လျှော့ပါ ယောင်းရာ......အစ်ကို Hoseok ကို အားနာစရာကောင်းတယ်လေ....."
"ငါထင်ထားတဲ့အတိုင်းပဲ.....ဒီလူ မင်းကိုအသားယူနေတာ......."
"ငါတို့ဆီကိုအခုမှရောက်တာဆိုတော့ Rose Landထုံးစံကို မသိလို့နေမှာပါကွာ....."
"ရမလား....အဲ့လိုရမလား.....မသိရင်ကြိုလေ့လာထားလေ....."
အခုတော့ သူ့သူငယ်ချင်းနုနုထွတ်ထွတ်လေး လက်ကို ကိုင်ပြီး green Landသွားဖို့ခေါ်သတဲ့။ လူမှန်းသိတတ်စအရွယ်ထဲက Jiminကို အဲ့လို ဘူးထတဲ့လူတွေလက်က သူဘယ်လိုကာကွယ်ထားခဲ့ရသလဲ။ ရည်းစားစကားပြောဖို့မပြောနဲ့ ၃စက္ကန့်ထက်ပိုကြည့်တဲ့ကောင်တွေအကုန် သူကိုင်ပေါက်တာခံရပြီးသားပဲ။ ဒါတောင် အစ်ကိုတားလို့သာ နောက်ကိုင်ရုံကိုင်ပေါက်တာ~ဟိုအရင်ကဆို နှာရိုးကျိုးအောင်ထိုးပြီးသားပဲ....
Taehyungကတော့ သူကိုယ်တိုင်သာ အစ်ကို Hoseok ပြန်ချစ်လာဖို့ အမျိုးမျိုးသော နည်းတွေနဲ့ချဉ်းကပ်မယ်Jiminကိုတော့ ဘယ်သူမှကြာကြာကြည့်တာတောင် လက်မခံနိုင်ပါ။ Jiminကို တန်ဖိုးထားချစ်ခင်ပြီး စိတ်သဘောထားလည်းကောင်းတဲ့လူနဲ့တွေ့ရင်တောင် သူက သေချာလေ့လာဆန်းစစ်ပြီး စိတ်ချလက်ချရှိမှသာ လက်ထပ်ပေးဖို့ဆုံးဖြတ်ထားတာလေ။
"မင်း သူ့ကိုခရီးလိုက်မပို့နဲ့တော့ Jimin....."
"အစ်ကိုမျက်နှာပျက်စရာဖြစ်မှာပေါ့ ယောင်းရဲ့......"
"Jiminနော်......ငါစိတ်မတိုချင်ဘူး....."
"မဆိုးစမ်းနဲ့ Taehyung......လူကြီးဖြစ်လာရင် ပေးထားတဲ့ကတိတည်မှရမှာပေါ့....အခုတစ်မျိုးတော်ကြာတစ်မျိုးလုပ်လို့ဘယ်ဖြစ်
မှာလဲ....."လေသံမာမာနဲ့ သူပြောလိုက်တော့ Taehyung နှုတ်ခမ်းတွေက မဲ့ကျလာပြီးတော့ Jimin အိပ်ယာပေါ်ကိုတက်ကာကွေးကွေးလေးအိပ်ပြီး သူ့စကားကိုမကျေနပ်ကြောင်းဆန္ဒပြတယ်။