Chapter-20

1.6K 256 11
                                    

မနက်စာစားပြီးတော့ Jimin နဲ့ Jungkook
နှင်းဆီဖြူတွေကိုသွားကြည့်ဖို့ ဧည့်ဆောင်က‌ နေ ထွက်လာခဲ့လိုက်တယ်။ Jungkook က ကင်မရာရယ်၊ နှင်းဆီတွေရဲ့အချက်အလက်ကို မှတ်တမ်းတင်ဖို့လိုအပ်တဲ့ပစ္စည်းတွေရယ်ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးလွယ်ထားပြီး Jimin ကတော့ မြေပုံတစ်ခုကလွဲရင်ဘာမှယူမလာခဲ့ဘူး။

အနီးနားက နှင်းဆီခင်းတွေကို ကြည့်ပြီး ထမင်းစားချိန်မတိုင်ခင်မှာ သူတို့အဆောင်ကိုပြန်ကြမှာဖြစ်ပြီး နှင်းဆီရွက်တွေက အလင်းရောင်ထွက်တာကို ကြည့်ဖို့တော့ ညကျမှတစ်ခေါက်ထပ်လာကြမှာဖြစ်တယ်။

နေထွက်တဲ့ရာသီမဟုတ်တာကြောင့် နေရောင်ခြည်ကိုတော့ မမြင်ရဘဲ အအေးဓာတ်ကကြီးစိုးနေပေမယ့် ဒီလိုအခြေအနေကို အသားကျနေပြီဖြစ်တဲ့ Jungkook အတွက်တော့ နေရတာပိုအဆင်ပြေလာခဲ့တယ်။

အဆောင်ကနေ ၁၅ မိနစ်လောက်ပဲ သွားရတဲ့ နှင်းဆီခင်းရှိရာဆီ Jimin က သူ့ကိုခေါ်သွားပေးပြီး တောင်‌ကုန်းပြေပြေလေးဖြစ်နေတဲ့ မြေပြင်မှာ ဆီးနှင်းတွေလွှမ်းနေသလို နှင်းဆီဖြူအခင်းလိုက် ပွင့်နေတဲ့မြင်ကွင်းဟာ အဝေးကနေ ကြည့်ရင်တောင် အတော်လေးလှပနေပါတယ်။

"မနေ့ညက အိမ်ကို phone ဆက်လိုက်ရဲ့လား Jungkook....."

"အင်း.....ဆက်လိုက်တယ်....ပြန်ရောက်ဖို့
တစ်ပတ်လောက်နောက်ကျမယ်လို့ မာမီတို့ကို ကိုယ်ပြောပြထားလိုက်ပြီ......"

မနေ့ညက မာမီတို့ဆီကို Jungkook phone ဆက်တော့ ယူရီနဲ့လည်း အိမ်ကိုရောက်နေမှန်းသိရတယ်။ မာမီနဲ့ ဒယ်ဒီက အိမ်ပြန်ဖို့တစ်ပတ်လောက် နောက်ကျမယ့်အကြောင်းကို သူပြောပြတော့ ကျန်းမာရေးဂရုစိုက်ဖို့ကိုသာမှာကြတယ်။ ခရီးမှာကြုံနိုင်တဲ့ အန္တရာယ်တွေကို သတိထားဖို့နဲ့ ရာသီဥတုအခြေအနေကို မေးမြန်းကြပြီးတော့ မာမီနဲ့ဒယ်ဒီက ယူရီ့ကို phone လွှဲပေးလိုက်တယ်။ ဒီလိုနဲ့ပဲ
မမျှော်လင့်ပဲ သူနဲ့ ယူရီ မနေ့ညကစကားပြောဖြစ်ခဲ့ကြတယ်။ ယူရီက သူပြန်လာမယ့်‌နေ့
မတိုင်ခင်ကြိုပြီး စာပို့ဖို့နဲ့ သူ့ကိုသတိရနေတဲ့ကြောင်းနဲ့ကို ပြောပြတော့ အရင်လို Jungkook အလိုက်အထိုက်မပြောနိုင်တော့ဘူး။ သူ့မှာ ချစ်ရမယ့်သူမရှိခင်ကတော့ မိဘတွေသဘောတူထားတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ယူရီကို လက်ခံနိုင်ပေမယ့် အခုတော့ အခြေအနေတွေကကွဲပြားသွားခဲ့ပြီလေ။ ယူရီ့နဲ့ သူဟာ တရားဝင်စေ့စပ်ထားတာမျိုးမဟုတ်ဘဲ မိဘချင်းစကားကြောင်း လမ်းထားရုံဖြစ်တာကြောင့်လက်ထပ်ဖို့ငြင်းဖို့ဆိုတာဟာ ခက်ခဲတာ‌တော့မဟုတ်ပါဘူး။ အခုအချိန်မှာ သူ့အတွက်တစ်ခုတည်းသောအခက်အခဲဟာ Jimin နဲ့ အခုထိမပြောဖြစ်သေးတဲ့ သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ဆုံးဖြတ်ချက်ပါပဲ။

Rose LandWhere stories live. Discover now