Chapter-42

1.2K 197 30
                                    

စာတမ်းဖတ်ပွဲပြီးလို့နောက်တစ်ရက်မှာတော့ Jungkook ကိုယူရီက ဘုရားကျောင်းတစ်ခုကိုသွားဖို့ ခေါ်ခဲ့တယ်။

"မ‌နေ့က စာတမ်းဖတ်တာအဆင်ပြေခဲ့လားအစ်ကို ......"

"ပြေပါတယ် ယူရီ...... အစ်ကိုလည်းစိတ်တိုင်းကျတယ်......"

Jungkook က ကားမောင်းနေရင်းကနေ ဘေးမှာထိုင်နေတဲ့ ယူရီရဲ့အမေးကိုလှည့်‌ဖြေတယ်။

"Rose land မှာပျော်ခဲ့လား အစ်ကို......"

"အင်း......ပျော်တယ်...... ရောက်စကတော့
အအေးကြောက်လို့အစ်ကိုနေရတာအဆင်မပြေပေမယ့် နောက်ကျတော့ပြန်တောင်မပြန်ချင်တော့ဘူး....."

အစ်ကိုက ကြည်ကြည်နူနူး ပြုံးလိုက်ရင်းဖြေတယ်။

"Rose land ကိုတစ်ခေါက်လောက်တော့ပြန်သွားဦးမယ်.....Jimin နဲ့လည်းတွေ့ချင်သေးတယ်....."

မဆင်မခြင်မေးလိုက်ပြီးမှ အစ်ကို Jimin အကြောင်းကို အစဖော်ပေးလိုက်သလိုဖြစ်သွားတာကို ယူရီနောင်တရသွားတယ်။ 

"Jimin ကသိပ်သဘောကောင်းတာ.....သူနဲ့‌ တွေ့တာ သိပ်မကြာသေးပေမယ့် အစ်ကိုတို့အရမ်းရင်းနှီးသွားတယ်ဆိုတော့ အတိတ်ဘဝကရေစက်ပဲနေမယ်....."

သူနဲ့စကားပြောတိုင်း အစ်ကိုကမေးတစ်ခွန်းပြောတစ်ခွန်းဆိုပေမယ့် အစ်ကို Jimin အကြောင်းကိုတော့တဖွဲ့တနွဲ့ပြောပြလာတယ်။

"အစ်ကို အတိတ်ဘဝတွေကို ယုံလားဟင်...."

"အင်း.....ယုံတယ်...ယုံတာပေါ့...."

ဒီအချိန်ဟာ အစ်ကို့ကို သူမှတ်မိထားတဲ့အတိတ်အကြောင်းတွေပြောပြဖို့အခါသင့်ရဲ့လားဆိုတာ မသေချာပေမယ့်  အစ်ကို့သဘောထားကို သိချင်တာကြောင့် စကားစကြည့်လိုက်တယ်။

"ညီမ အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါမက်နေတာ တစ်လလောက်ရှိပြီ အစ်ကို.....အဲ့ဒီအိပ်မက်ထဲမှာ အစ်ကိုလည်းပါတယ်...."

သူ့စကားကို အစ်ကို ဘယ်လိုတုံ့ပြန်မလဲလို့ အကဲခတ်ရင်း စကားဆက်ဖို့ပြင်လိုက်စဉ်မှာပဲ သူတို့ကားလေးကတုံ့ခနဲရပ်သွားတယ်။

"ဘာဖြစ်လို့လဲ အစ်ကို......"

"ကြောင်လေးတစ်ကောင် ဖြတ်ပြေးသွားလို့ ယူရီ.......တော်သေးတာပေါ့ ဘရိတ်နင်းလိုက်တာမြန်လို့ လွတ်သွားတယ်...."

Rose LandWhere stories live. Discover now