Chapter-45

2.7K 259 87
                                    

သူ့လက်ထဲကို လက်ပတ်ကြိုးလေးနဲ့ လက်စွပ်ဘူးလေးထည့်ပေးပြီးတာနဲ့ အိမ်အပြင်ကိုထွက်သွားတဲ့ Jungkook ကို Jimin အံ့ဩတကြီးကြည့်နေမိတယ်။ ဒီမှတ်ဉာဏ်ဖျောက်တဲ့အစီအရင်လက်ပတ်‌လေးကို သူပေးခဲ့တယ်ဆိုတာ Jungkook သိသွားပြီပေါ့လို့တွေးမိပြန်တော့ Jimin လက်ဖျားတွေပါအေးစက်လာရတယ်။ ပြီးတော့ ပေါက်စီလေးဆိုတဲ့ အခေါ်အဝေါ်.......

"ငါတို့ချစ်ခဲ့တာကို Jungkook မှတ်မိသွားပြီလား...."

ရေရွတ်ပြောဆိုလိုက်ပြီးတော့ သူလက်စွပ်ဘူးလေးကိုဖွင့်ကြည့်လိုက်တော့ platinum နဲ့လုပ်ထားတဲ့ဆင်တူလက်စွပ်နှစ်ကွင်းကိုတွေ့ရတယ်။
လက်စွပ်အတွင်းထဲမှာ forever love ဆိုတဲ့စာသားကိုမြင်လိုက်ရတော့ သူအရူးတစ်ယောက်လိုပြုံးမိတယ်။ နောက်တော့  Jungkook နောက်ကို ချက်ချင်းပြေးလိုက်လာခဲ့ပေမယ့် အိမ်အပြင်ကိုရောက်တော့  Jungkook ကိုမတွေ့ရတော့ဘူး။ဖျက်ခနဲတွေးမိတဲ့အာရုံအတိုင်း cable ကားရပ်တဲ့နေရာကို ပြေးလာခဲ့တော့ ခုံတန်းလေးမှာထိုင်နေတဲ့ Jungkook ကိုတွေ့လိုက်ရတယ်။

"Jungkook........"

သူခေါ်လိုက်တဲ့အသံ ကျယ်ကျယ်ဟာ တောင်လေပြင်းပြင်းကြားမှာ လွင့်ပျံသွားပေမယ့်
နာမည်ပိုင်ရှင်ကတော့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ လှမ်းကြည့်လာတယ်။

"Jimin........"

သူ့နာမည်ကို နှုတ်ခမ်းလှုပ်ရုံ‌ရေရွတ်လိုက်တဲ့ Jungkook အနားကိုလျှောက်သွားလိုက်တော့ Jungkook ကမတ်တပ်ရပ်ပြီး သူ့ကိုငေးကြည့်တယ်။

"Rose landကိုဘာလို့လာတာလဲ Jungkook...."

နှုတ်ခမ်းတွေကပြုံးနေ‌ပေမယ့် မျက်လုံးတွေကတော့ မျက်ရည်တွေနဲ့ယှက်သိုင်းနေတဲ့ Jimin က သူ့ကိုကြည့်ရင်း မေးခွန်းထုတ်တယ်။

"Jungkook Rose landကိုဘာလို့လာတာလဲ...."

ဒုတိယအကြိမ်မြောက်မေးခွန်းကိုကြားလိုက်ချိန်မှာ သူ့နှလုံးသားရဲ့ခုန်လှုပ်သံက တဒုန်းဒုန်းမြည်ဟည်းလာတယ်။ ‌အမှန်အတိုင်းပြောလိုက်သင့်ရဲ့လားဆိုတဲ့အတွေးမဆုံးခင် သူ့နှလုံးသားရဲ့ စကားသံတွေက နှုတ်ခမ်းကနေထွက်ကျလာတယ်။

"ကိုယ်.......ကိုယ် Jimin ကိုတွေ့ချင်လို့လာခဲ့တာပါ......."

စကားဆုံးတာနဲ့ Jimin ကသူ့ဆီကိုပြေးလာပြီး တင်းကျပ်နေအောင်ဖက်တွယ်ထားတယ်။

Rose LandWhere stories live. Discover now