Chapter-34

1.2K 187 27
                                    

‌‌ကျောက်သားနံရံမှာထွန်းထားတဲ့ မီးတိုင်တွေရဲ့အလင်းရောင်နဲ့ ခန်းမတစ်ခုလုံးဟာထွန်းလင်းတောက်ပလျှက်ရှိတယ်။ သလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့စားပွဲတွေ၊
ရွှေထည် ငွေထည်နဲ့ပြုလုပ်ထားတဲ့အသုံးအဆောင် ပစ္စည်းတွေကြောင့်လည်း အခန်းတစ်ခုလုံးဟာပိုပြီး ခမ်းနားထည်ဝါနေခဲ့တယ်။

"ငါဘယ်ကိုရောက်နေတာလဲ....."

ယူရီကခပ်တိုးတိုးရေရွတ်လိုက်တယ်။ သူရှိနေတဲ့ နေရာမှာ မတ်တပ်ရပ်နေရင်း
အခန်းထဲကို နောက်တစ်ကြိမ်လှည့်ပတ်ကြည့်မိတော့ ဒါဟာ သူ့အိမ်မဟုတ်ဘူးဆိုတာသေချာသွားပြီး ဒီအပြင်အဆင်ဟာ 21ရာစုရဲ့အပြင်အဆင်မဟုတ်တာကိုလည်း
သတိပြုမိသွားတယ်။ သူအခန်းအပြင်အဆင်ကို အာရုံစိုက်မိနေတုန်းမှာ စကားပြောသံကိုကြားလိုက်ရတာကြောင့် လှမ်းကြည့်လိုက်တော့ သူနဲ့တစ်ပုံစံတည်းတူတဲ့ မိန်းကလေးတစ်ယောက်နဲ့  ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူကြီးတစ်ယောက် စကားပြောနေကြတာကို တွေ့လိုက်ရတယ်။

"သဘက်ခါအတွက် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားလိုက်ပါ.....ကျန်တာကို နောက်မှဆက်ပြောကြတာပေါ့......"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်......"

လိုရင်းတိုရှင်းပြောပြီးနောက်မှာ လင်းယုန်နီမျိုးနွယ် ခေါင်းဆောင်က အခန်းအပြင်ကိုထွက်သွားတော့ အခန်းကတိတ်ဆိတ်သွားတယ်။

"သခင်မလေး ယူရီ.... လက်ဖက်ရည်သုံးဆောင်ပါဦး......."

သူ့နာမည်ကိုခေါ်လိုက်တာကြောင့် လှည့်ကြည့်လိုက်တော့ အ‌စေခံတွေခေါ်လိုက်တဲ့ သခင်မလေးယူရီဆိုတာ သူ့ကိုရည်ရွယ်တာ ဟုတ်မနေခဲ့ဘဲ သူနဲ့တစ်ပုံစံတည်းထပ်တူညီတဲ့ အမျိုးသမီးလေးကို ဦးတည်နေတာဖြစ်နေခဲ့တယ်။

"ငါ့ကို ခေါ်တာမဟုတ်ဘူးပဲ...."

အသံထွက်ပြီး ရေရွတ်လိုက်ပေမယ့် သူ့အသံကိုဘယ်သူကမှကြားဟန်မတူဘဲ၊ သူရှိနေတာကိုလည်း ဘယ်သူကမှသိနေဟန်မတူဘူး။
ပြဇာတ်ကြည့်ရသလို ခံစားချက်ရယ်၊
ဒီမြင်ကွင်းကို ရင်းနှီးသလိုခံစားချက်ရယ်ကြောင့် ဖြစ်စဉ်တစ်ခုလုံးကို သူငြိမ်သက်စွာနဲ့ပဲကြည့်နေခဲ့ပါ‌တော့တယ်။

Rose LandWhere stories live. Discover now