"ငါအဆင်ပြေပါတယ် ယောင်းရဲ့....."
မနေ့က တတိယအကြိမ်သစ္စာပြုပြီးထားတဲ့
သတို့သားအသစ်စက်စက်လေး Taehyung
ရဲ့စိုးရိမ်ပူပန်နေတဲ့ စိတ်ကို Jimin က နှစ်သိမ့်ပေးတယ်။ မှောင်ရိပ်မပျယ်သေးတဲ့ မနက်စောစောအချိန်ကြီးမှာ phone ဆက်လာတာဆိုတော့ Taehyung တစ်ခုခုကို အတွေးများနေတယ်ထင်တယ်။"မင်းကို ဟိုလူအသားယူသေးလား......"
စာရေးတုန်းကလည်း ဒီအကြောင်းကိုပဲ သတိတရပူပန်နေခဲ့တဲ့ Taehyung က အခုလည်း
Jimin ကိုထပ်မေးပြန်တယ်။"သူ မလုပ်ပါဘူး......."
ဒီစကားကိုပြောပြီးတော့ တနေ့ညက
သစ်ရွက်ကိုအကြောင်းပြုပြီး ကလူကျီစယ်ခဲ့တာကို တွေးမိကာ Jimin ပြုံးချင်ချင်ဖြစ်သွားတယ်။ Jungkook က အသားမယူရင်တောင် သူက ဟိုဖက်၊ ဒီနမ်းလုပ်ချင်နေတာကို သိရင် Taehyung ဘယ်လောက်စိတ်ဆိုးလိုက်လေမလဲ။"တစ်ခုခုဆို ငါ့ဆီကို စာပို့၊ မဟုတ်ရင်လည်း phone ဆက်နော်......"
"အေးပါ......"
"မင်းကို phone ယူသွားခိုင်းလိုက်ရင်လည်း ကောင်းသားလို့ ငါဒီရက်ပိုင်းတွေးနေတာ
သိလား......."မြို့ကထွက်လာပြီဆိုရင် အခုလိုနယ်စပ်တည်းခိုဆောင်ကလွဲရင် တခြားနေရာတွေမှာ phone လိုင်းမမိတာကို သိပေမယ့် Taehyung ကတော့အလိုမကျစွာပြောတယ်။
"မဟုတ်တာက ပြောတော့မယ်..... phone လိုင်းမိတဲ့နေရာက သိပ်မှမရှိတာကို ယောင်းရာ......ပြီးတော့ စာပို့တာလည်းအဆင်ပြေနေတာပဲကို....."
"အေး အဲ့လိုလည်း ဟုတ်သားပဲ.......ငါလည်း ဘာတွေ တွေးလို့ တွေးနေမိမှန်းကို မသိတော့ပါဘူး..."
တည်းခိုဆောင်မှာရှိတဲ့ အများသုံး phone ကို
ဆက်ရတာ Taehyung ကသိပ်သဘော
ကျဟန်မရှိဘူး။ phone ခဏခဏခေါ်တာဟာ ဦးလေးရှင်းကို အနှောင့်အယှက်ပေးသလိုဖြစ်နေမှာ အားနာရသလို၊ စကားတွေ
အများကြီးပြောဖို့ကိုလည်း အဆင်မပြေဖြစ်ရတယ်မဟုတ်လား။ တကယ်တော့ Jimin ရော ၊ Taehyung ရောက phone ပြောရတာထက် ပိုလေးနက်တယ်လို့ ခံစားမိစေတဲ့ စာပို့ရတာကို ပိုသဘောကျပါတယ်။ ဒါကြောင့်လည်း အရင်က နှစ်ယောက်အတူ ဧည့်သည်လိုက်ပို့တဲ့အချိန်ဆိုရင် အစ်ကို Hoseok ကို သတိရရင်တောင် Taehyung ကစာပဲပို့လေ့ရှိပါတယ်။