108

810 98 5
                                    

108🍀

Unicode

ညနေစောင်းတဲ့အချိန်မှာတော့ မုရီအန်း  မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လာခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေက  ဆိုးရွားမှုတွေ ပြည့်နေခဲ့တယ်။ သူ သူ့ရဲ့အရင်ဘဝကို ပြန်သွားကြည့်ခဲ့ရတယ်။ အဆုံးမှာ ရှန်ယန်းကို ရှာတွေ့ဖို့  သူဘယ်လောက်ပဲ မျှော်လင့်တကြီး ရှာဖွေခဲ့ပါစေ သူ ဘယ်လိုမှရှာမတွေ့နိုင်ခဲ့ဘူး။  ရှန်ယန်း ဘယ်ကိုရောက်သွားလဲဆိုတာ သူ မတွေ့ရှိခဲ့တော့ဘဲ သူသည်လည်း ရှန်ယန်းနဲ့အတူရှိနေခဲ့တဲ့ နေရာမှာပဲ အမြဲတမ်းနေထိုင်သွားခဲ့တယ်။

မုဟိန် သူ့သားရဲ့အမူအရာက အနည်းငယ်လောက် ဗလာကျင်းနေသလို ခံစားမိတယ်။ မုဟိန် မုရီအန်းကို အသာတွန်းလိုက်တော့ မုရီအန်းက သတိဝင်လာသလိုမျိုး ဒူးကိုလက်နှစ်ဘက်နဲ့ပိုက်ပြီး ပြင်းထန်တုန်ယင်စွာအော်ငိုလာခဲ့တယ်။ အခန်းထဲမှာရှိနေတဲ့ လူတွေကတော့ မယုံနိုင်လောက်အောင် အံ့သြတကြီးဖြစ်သွားရတယ်။

"ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး .. ရှန်ယန်းကို ပစ်မှတ်မထားကြပါနဲ့"
မုရီအန်း အားကိုးရာမဲ့ပြီး ဆုံးရှုံးသွားရသလို ပြောလာခဲ့တယ်။

လီဆွေ့ယွီ: “ငါ…”

ထိုနေရာတွင် တစ်ချိန်လုံးရှိနေခဲ့တဲ့ ဟဲရှီကတော့ ဘာပြောရမလဲဆိုတာမသိတော့ဘူး။ မုရီအန်းက ဘာလို့ ဒီလိုမျိုး တုံ့ပြန်လာရတာလဲ။ သူ ရှန်ယန်းကို မုန်းသင့်တာမဟုတ်ဘူးလား။ ပြီးရင် သူ့အကြောင်းကိုပဲစိတ်ဝင်စားလာရမယ်။ သူ့ကိုပဲကြိုက်လာရပြီး သူ့ကိုပဲလိုက်ရမှာလေ။ ဒါကို ဘာကြောင့် မုရီအန်းက မုမိသားစုဆီမှာ ရှန်ယန်းကို မဆန့်ကျင်ကြဖို့တောင်းဆိုနေရတာလဲ။

လီဆွေ့ယွီ ပါးစပ်ကိုဖွင့်လိုက်ပေမဲ့ ဘာကိုမှ မပြောနိုင်ခဲ့ဘူး။ သူမက မုရီအန်းကိုဝမ်းနည်းကြေကွဲစွာစိုက်ကြည့်ပြီး ကတိစကားကိုသာပြောလာခဲ့တယ်။

"ဒီနေ့ကစပြီး မင်းရဲ့အိမ်ထောင်ရေးကိစ္စမှာ မုမိသားစုက ဝင်စွက်ဖက်ခွင့်မရှိတော့ဘူး!"

လီဆွေ့ယွီက ရှန်ယန်းကို မုမိသားစုအတွင်း ဝင်လာမှာကိုမလိုလားခဲ့ပေမဲ့ သူမက သူမရဲ့သားကိုသာ ပိုပြီးဂရုစိုက်နေတုန်းပဲ။ 

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now