Extra-1 Uni

4.8K 89 4
                                    

မျက်နှာသစ်ပြီး အမြွှာ​လေး​တွေအခန်းထဲဝင်လာ​တော့ အိပ်ရာထဲ ၂​ယောက်သား မျက်နှာချင်းဆိုင် ကျစ်​နေ​အောင်ဖက်ထားကြတာမြင်​တော့ ကိုယ့်နှုတ်ခမ်းက သိသိသာသာ ​ကော့ညွှတ်မိသည် ခုနက ကိုယ်​တွေအခန်းကထွက်ခံနီး ကိုကိုက အကျီီချွတ်နဲ့​မှောက်အိပ်​နေတာကို အနမ်း​ပေးခဲ့သလို ခုလဲ က​လေး​လေး​တွေကို ပါးတစ်​ယောက်တစ်ဖက်ကို အနမ်း​ပေးရပြန်သည် မနက်ခင်းကို မိသားစုဆီ အနမ်း​လေးတွေနဲ့ ကြိုဆိုတာက ရွှန်း​ဝေလ လုပ်​​ဆောင်​နေကျအ​လေ့အထ​လေးလိုဖြစ်လာရသည်

ကိုကို့အတွက်မနက်စာ ပြင်​နေစဥ်မှာပင် ကိုကိုက နောက်နားကလာသိုင်းဖက်ကာ ပါးလေးတစ်ဖက်ကိုလဲနမ်းဖို့မမေ့

"Morning ငယ် ကိုယ်တို့အလုပ်နားရက်လေးမှာ ငယ်ဘာမှမလုပ်ဘဲ ကိုယ့်ကိုပဲလုပ်ပေးရင်တောင်ကျေနပ်နေပီ"

"ကိုကိုနော် မနက်စောစောမဟုတ်တရုတ်တွေပြောနေပြန်ပြီ"

"ဘယ်ကသာ ရင်ထဲက အတည်လိုအင်ဆန္ဒတွေပါ"

"တကယ့်လူဆိုးကြီး သွား သုနဲ့သစ်ကိုသွားနှိုး"

"ကလေးတွေကို အိပ်ခိုင်းထားပြီး ကိုယ်တို့မနက်ခင်း exercise လုပ်လိုက်ရင်ရော"

"မလုပ်ပါဘူး ဒီနေ့ ကလေးတွေကို ကစားကွင်းလိုက်ပို့မယ်လို့ ကတိပေးထားတယ်"

နောက်မှ မှီကာဖက်ထားသူက ချက်ချင်းလက်ကို ရုတ်ကာ ငြိမ်ကျသွားတာမို့ အလန့်တကြား အမြန်လှည့်ကြည့်ရသေးသည်

"ကိုကို ဘာ‌ဖြစ်တာတုန်း"

"ငယ်က ကိုကို့ကို ရိုးသွားပြီပဲ"

"ကဲ ကြည့် မဟုတ်တာတွေက ပြောပြန်ပြီ ကလေးကြီးကျနေတာပဲ"

"ကလေးမဟုတ်လို့ ဒီဟာတောင်းနေတာပေါ့"

ကဲ ကိုကိုလွှားတို့ဖြေပုံကြည့် မေးမိသူပါ ရှက်သွားရသည့်ဖြစ်အင်

"ကလေးတွေကို အရင် ကစားကွင်းပို့ရအောင်ပါ"

"ဒါဆို ငယ်က ကိုကိုနဲ့ပြန်လာရင် ကစားမှာလား"

"အခု ကလေးတွေကိုသွားနိုး...."

ကဲ စကားတွေမဆုံးခင် ရှေ့က လှစ်ခနဲပျောက်သွားပြီး ခြေလှမ်းကျဲကြီးများနှင့် လှေကားပေါ်တက်သွား သူ၏နောက်ကျောကိုပြုံးကြည့်ကာ

ချိုမြိန်​သောဥပါယ်(ချိုမြိန်​သောဥပါယ်)Tempat cerita menjadi hidup. Temukan sekarang