EPISODE (1)

95K 2.6K 55
                                    

Unicode
အိမ်တော်သခင်လေး၏ ပြန်လည်နိုးထခြင်း။

နာကျင်မှုကြောင့် မျက်လုံးကိုဖွင့်ကြည့်မိသည်နှင့် ရွှေဝါရောင်တောက်နေသော ဇာပုဝါအပါး‌ကို အရင်ဆုံးမြင်လိုက်ရသည်။‌

ခေါင်းကနည်းနည်းနောက်နေပြီး ဘေးဘက်ကိုလှည့်ကြည့်လိုက်‌တော့ သူရောက်နေတာက ရွှေချည်ခတ်ခြင်ထောင်ကြီး။

အနည်းငယ် အားနည်းနေပေမယ့် အားယူပြီးထကြည့်လိုက်လေရာ မိမိ၏ကုတင်ရှေ့တွင် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၊ငယ်ရွယ်ပုံရသည့်အမျိုးသမီးတစ်ဦးနှင့်‌ ချောမောသည့်လူငယ်လေးယောက်ကိုတွေ့ရသည်။

"နောက်ဆုံးတော့ သခင်ငယ်လေးကအချိန်မီ နိုးထလာနိုင်ခဲ့ပြီပဲ"

အသံလာရာကိုလှည့်ကြည့်မိတော့ မိမိကုတင်၏ထောင့်လေးထောင့်တွင်သက်လတ်ပိုင်းအရွယ်လူကြီးလေး‌ယောက်တရားထိုင်သည့်ပုံစံဖြင့်လေပေါ်ပျံနေပုံရသည်။

ဟန်တျာ,မိမိ၏မှတ်ဉာဏ်ကို ပြန်အစဖော်ကြည့်ရာ ၎င်းတို့မှာ မိမိတို့ယာ၀အိမ်တော်၏ နာယကအကြီးအကဲလေးယောက်ပင် ဖြစ်လေသည်။

အိမ်တော်သခင်ကြီးဖြစ်သည့်ဦးမင်းမျိုးယာ၀သည် ၎င်း၏စိတ်အတွင်း၌ စိုးရိမ်နေခြင်းရှိသော်လည်း မျက်နှာတွင် လုံး၀ဖော်မပြဘဲရှိလျက်။

"ဟန်တျာရဲ့ ပြန်လည်နိုးထမှုအတွက် နာယကအကြီးအကဲတို့ကို ကျေးဇူးတင်ပါတယ်ရှင်"

ယာ၀သခင်မကြီးက ကျေးဇူးတင်စကားဆိုလိုက်ရာ နာယကအကြီးအကဲလေးယောက်က ပြုံးရုံမျှသာပြုံးသည်။ဟန်တျာယာ၀သည် ယာ၀အိမ်တော်၏ အငယ်ဆုံးသားဖြစ်ပြီး ယာ၀အိမ်တော်၏ ဆက်ခံသူဆိုလည်းမမှားနိုင်ပေ။ယခုမူသွေးစက်ပြောင်းကောင်းကင်စာချုပ်ကြောင့် တစ်လတာမျှခန္ဓာအသွင်ပြောင်းရေးအတွင်း မေ့မြောနေခြင်းဖြစ်သည်။

ဟန်တျာသည် မိမိ၏ခန္ဓာအား စိတ်စွမ်းအင်ကိုအသုံးပြု၍စစ်ဆေးကြည့်ရာ ခန္ဓာတွင်းပြောင်းလဲမှုမှာ အောင်မြင်သည်ကို တွေ့လိုက်ရ၏။

"ကျွန်တော့် အသွင်ပြောင်းရေး ကြိုးပမ်းမှုအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်"

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now