Unicode
ထောင်ချောက်မိသွားပြီ"သခင် ! ဘုန်းတော်ကြီးခေါင်းဆောင်နဲ့တခြားခေါင်းဆောင်တွေအကုန်ပျောက်နေပါတယ်"
"ဘာ"
မျက်နှာဖုံးအနက်ရောင်၀တ်ဆင်ထားသည့် အမျိူးသားသည် စိတ်တိုသွားတော့သည်။
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။သူတို့အားလုံးကို ဒီမှာပဲဖမ်းချုပ်ထားတယ်ဆိုတာသေချာတယ်။ တစ်နေရာမှမလွတ်စေနဲ့။အကုန်ရှာကြ!"
"ကောင်းပါပြီသခင်"
ဧကရီက သိပ်ကိုလည်တယ်ထင်ရပေမယ့် ငါနဲ့တော့ယှဉ်လို့မရသေးဘူးပဲ။အဟက်...နည်းနည်းလောက် ကစားပွဲလေးပြောင်းပြန်လှန်လိုက်တာနဲ့ ငါ့လက်ထဲကို အကုန်ရောက်လာတာကိုပဲကြည့်။
"သခင်။ဒီမှာ လျို့ဝှက်၀င်ပေါက်တစ်ခုတွေ့ပါတယ် !"
ငယ်သားတစ်ယောက်ကအော်လိုက်သည်နှင့်တခြားသူများကဘေးကိုရှဲပေးကြပြီး မျက်နှာဖုံး၀တ်ထားသည့် သူတို့၏ ခေါင်ဆောင်ကိုနေရာဖယ်ပေးကြသည်။
ကြီးမားသည့် အကျဉ်းခန်းမကြီး၏ဖုံးကွယ်ထားသောနံရံနောက်တွင်စက်ခလုတ်တစ်ခုကရှိနေပြီး ထိုစက်ခလုတ်ကို လက်အောက်ငယ်သားတစ်ယောက်ကနှိက်လိုက်သောအခါ ဂျိန်း ခနဲအသံမြည်ကာ ကျောက်သားနံရံကြီးကပွင့်သွားတော့သည်။
ပေါ်ထွက်လာသည့်မြင်ကွင်းက တစ်ဖွဲ့လုံးကို ပါးစပ်ဟစေနိုင်ပြီးတစ်ခဏမျှကြက်သေသေသွားတော့သည်။
ရွှေငွေရတနာ။ကျောက်သံပတ္တမြားအပြည့်နဲ့အခန်းကြီး!!!
"နေကြဦး။ဒါကထောင်ခြောက်ဖြစ်နိုင်တယ်"
စိတ်ညှို့သူများကသတိကြီးစွာဖြင့်တားမြစ်သော်လည်း မျက်နှာဖုံးပိုင်ရှင်နှင့်အဖွဲ့ကမူ အခန်းထဲသို့ရောက်နေကြပြီဖြစ်သည်။
ဧကရီ...ဧကရီ...နန်းတွင်းထဲရောက်တာမှမကြာသေးဘူး။ဒီလောက်များပြားတဲ့ပမာဏကို မင်းအပိုင်ဖြစ်အောင်လုပ်ထားနိုင်ပြီပေါ့လေ။အခုတော့ ဘယ်သူ့လက်ထဲရောက်ပြီလဲ။ငါ့လက်ထဲပဲပေါ့ အဟွန်း။
"ဂျိန်း"
မူလကျောက်တံခါးကပိတ်သွားပြီးနံရံအပြင်မှ စိတ်ညှို့သူများအဖွဲ့နှင့် နံရံအတွင်းထဲမှ အဖွဲ့တို့ကိုခွဲခြားပြီးသားဖြစ်သွားလေသည်။
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023