Unicode
မိတ်ဆွေအရင်ဖွဲ့ရမယ်။"အကိုတော်"
ဉယျာဥ် တော်ထဲ၌လမ်းလျှောက်နေစဉ် နန္ဒကျော် သူ၏အကိုတော်ဖြစ်သူနန္ဒမင်း အားခေါ်လိုက်သည်။
"ပြောစရာရှိရင်ပွင့်ပွင့်လင်းသာပြောပါ ညီငယ်"
နန္ဒမင်း ကဘွင်းဘွင်းကြီးပြောလိုက်တော့ နန္ဒကျော်နှစ်ခြိုက်စွာပြုံးလိုက်သည်။
"အကိုတော် သူ့ကိုအခုထိမေ့မရသေးဘူးလား။အခုလို အခြေအနေနဲ့တောင်မှပေါ့?"
"ဟုတ်တယ် ညီငယ်။ငါ သူ့ကိုတစ်ရက်မှမေ့မရခဲ့ဘူး။သူက ဟိုးအရင်ငါနဲ့စတွေ့ကတည်းက ငါ့ရဲ့နှလုံးသား ဟိုးအောက်ခြေအထိနက်နက်ရှိုင်းရှိုင်းမှာအမြစ်တွယ်နေပြီးသားညီငယ်။အခုတော့ သူပျော်နေပြီးအဆင်ပြေနေရင်ကို ကျေနပ်တတ်နေပါပြီ။ချစ်ခြင်းမေတ္တာဆိုတာ ပိုင်ဆိုင်ရမှမဟုတ်ဘူးညီငယ်။သူပျော်ရွှင်နေတာကို မေတ္တာဓာတ်အပြည့်နဲ့ထိုင်ကြည့်နေရတာကလည်း ချစ်ခြင်းမေတ္တာပါပဲ"
နန္ဒမင်းတစ်ယောက် ချစ်ခြင်းမေတ္တာကိုပုံဖော်နေသော မိမိအကို,ကိုကြည့်ကာ ခေါင်းခါမိတော့သည်။
တစ်ကယ်တော့လည်း ချစ်ခြင်းမေတ္တာဆိုတာကသိပ်ကိုလှပပါတယ်။ဘယ်လိုပုံစံနဲ့မဆိုပေါ့။
နန္ဒ ကျော်လား။သူလည်းအစတုန်းက ယာ၀အိမ်တော်ကအငယ်ဆုံးသခင်လေးဆီမှာပျော်၀င်ခဲ့မိတာပေါ့။သူတင်မဟုတ်ပါဘူး အိမ်တော်သခင်လေးတွေ၊သခင်မလေးတွေ ကြားထဲမှာ ယာ၀သခင်လေးကအိမ်ထောင်ဖက်အဖြစ် စိတ်ကူးယဉ်အခံရဆုံးပါပဲ။
ယာ၀သခင်လေးက လောကရဲ့စံနှုန်းတွေနဲ့ကိုက်ညီပြီး ကောင်းမွန်တဲ့အရာအားလုံး ပြည့်စုံနေတဲ့၊ ကျော့ရှင်းရည်မွန်တဲ့ ၊ဖော်ရွေပြီးဂုဏ်သိက္ခာကြီးမားတဲ့ သခင်လေးတစ်ယောက်ပဲလေ။ဘယ်သူကမပိုင်ဆိုင်ချင်ဘဲနေပါ့မလဲ။
ရုပ်ရည်လား။အဆင့်အတန်းလား။စည်းစိမ်လား။အာဏာလား။အောင်မယ်...ဘယ်သူ့မှပြေးမကြည့်နဲ့။ယာ၀သခင်လေးဆီမှာ ဒါတွေအကုန်ရှိတယ်။
ဒါပေသိ ငယ်ရွယ်သည့် နန္ဒကျော်တို့ကတော့ သူ့အကိုနဲ့ယှဉ်ရင်အဲ့လောက်အထိ ဟန်တျာယာ၀အပေါ် မရူးသွပ်ခဲ့ပေ။ငယ်ငယ်ရွယ်ရွယ် နဲ့အလှအပကိုကြည့်ပြီးခံစားတတ်ခဲ့ပေမယ့် အခုပြန်တွေ့ချိန် ကိုယ့်အပိုင် မဟုတ်တဲ့အချိန် ဘယ်လိုခံစားရသလဲမေးရင် ဘယ်လိုမှမခံစားရပါ။
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023