MAIN CHARACTER

11.3K 876 2
                                    

Unicode
ဇာတ်ဆောင်မိတ်ဆက်

(အဓိကဇာတ်ဆောင်ဖြစ်သူ ဧကရာဇ်မင်းကြီးနှင့်ဧကရီလောင်းလျာ ဟန်တျာယာ၀တို့၏အကြောင်းအရာ အနည်းငယ်မျှသာ)
 
     {ဟန်တျာယာ၀}

My imaginary character Hantra Yawa.

✓ရာထူး - အနာဂတ် မဟာဧကရီအရှင်မြတ်လောင်းလျာ
✓မူရင်းအိမ်တော် - ယာ၀အိမ်တော်
✓လက်တွဲ‌ဖော် - မဟာဧကရာဇ်မင်းကြီး

ယာ၀အိမ်တော်ဟာ နတ်ဒေ၀တာများရဲ့သွေးမှဆင်းသက်ကြတယ်လို့ ယုံကြည်ကြတဲ့အပြင် ကောင်းမွန်တဲ့ စိတ်စွမ်းအားအရင်းအမြစ်များကြောင့် ကြွယ်၀ချမ်းသာလှ၏။ထို့ကြောင့် ယာ၀အိမ်တော်ရှိသခင်ငယ်လေးများနှင့် သခင်မငယ်လေးများမှာ မြင့်မြတ်သောမျိုးရိုးနှင့် ကြွယ်၀သောအဆင့်အတန်းကြောင့် နတ်ဘုရားကဲ့လို အဆင်းအင်္ဂါနှင့်ပြည့်စုံကြ၏။

အထူးပင် ပြောရန်မလိုအပ်သည်မှာ ပင်မအိမ်တော်ရှိ အဓိကဆက်ခံသူ ယာ၀သခင်ငယ်လေးမှာ  အိမ်တော်ရှိသခင်ကြီးများနှင့် နာယကများ၏ ကမ်းကုန်အောင်အလိုလိုက်ခံရသူပီပီ ရုပ်အသွင်မှာအလွန်ပင်နူးညံ့လှသည်။ နီရဲနေသော စတော်ဘယ်ရီနှုတ်ခမ်းပါးလေးနှင့် သေးသွယ်လှသောမျက်နှာထား၊ ယာ၀အိမ်တော်၏အမှတ်သညာဖြစ်သော သမင်မျက်လုံးကဲ့သို့လှပရွှန်းလဲ့သောမျက်လုံးအိမ်များသည် ဟန်တျာတွင်အကုန်ဖြစ်တည်သည်။အပြင်ပိုင်းတွင် ဖက်ထုပ်အတွင်းရှိနူးညံ့သောမုန့်လုံးလေးကဲ့သို့ပင်ဖြစ်သော်လည်း ဟန်တျာသခင်ငယ်လေးသည် ခန္ဓာကိုယ်ကာယကြံ့ခိုင်မှုမှာ မြင့်မားပြီး သေးသွယ်ကာ လျင်မြန်ဖျက်လတ်လှသည်။

သခင်ငယ်လေးမှာ အမြဲလိုလိုပင် ရွှေချည်သားဖြင့်ရက်လုပ်သော ပုဆိုး နှင့် ရွှေအနားကွပ်ဇာအင်္ကျီအပါးကို၀တ်ဆင်ကာ အပေါ်တွင် အနီရောင်ခြုံထည်ကို လွမ်းထားလေ့ရှိသည်။ သခင်ငယ်လေးသည် ပထမအဆင့်အိမ်တော်မှ အနာဂတ်ဆက်ခံသူသခင်လေးပီပီ အညိုရောင်ဆံပင်များပေါ်တွင် ရွှေဖြူဖြင့်အတိပြီးသော သရဖူလေးကိုလည်း အမြဲဆောင်းထားလေ့ရှိသည်။

          {ဆက္ကနန္ဒမဟာအဏီရာ}

My imaginary character Sakkha Nanda Mahar Anera.

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now