EPISODE (43)

9K 927 68
                                    

Unicode

"ကိုယ်တော့်ကိုကြည့်ခွင့်ပေးပါဦး။ဒီဗိုက်သားချပ်ချပ်ကလေးရဲ့အောက်မှာ ကိုယ်တော့်ရဲ့သွေးသားလေးတွေရှိနေတယ်ပေါ့လေ"

ဆက္ကနန္ဒတစ်ယောက် ကုတင်ပေါ်တွင်ထိုင်နေသောဟန်တျာ၏ရှေ့တွင် ဒူးထောက်ချလိုက်ပြီး ဟန်တျာ၏ဗိုက်သားဖြူဖြူဖွေးဖွေးလေးအား သူ၏လက်ဖြင့်ပွတ်သပ်ကာ ပြောလိုက်သည်။

"ကိုယ်တော်တော့ သားတော်လေးတွေကိုအခုပဲမြင်ချင်လှပြီကွာ"

ဆက္ကနန္ဒတစ်ယောက် ဟန်တျာ၏ဗိုက်သားလေးပေါ်တွင် မျက်နှာလေးဖွဖွအပ်ကာ မချင့်မရဲဖြစ်စွာပြောလိုက်ရာ ဟန်တျာမှာ ခွီခနဲရယ်လိုက်တော့သည်။

"မင်းလေးကဘာလို့ရယ်တာလဲ။ဘာလဲ ကိုယ်တော့်ကိုလှောင်တာလား"

"အရှင်က ကလေးဆန်လိုက်တာ။အရှင့်ရဲ့သားတော်တွေကဖြင့် အခု အချိန်ဆိုပိစိလေးတွေတောင် ဖြစ်ဦးမှာမဟုတ်သေးဘူး"

"ဒါဖြင့် ဘယ်တော့ထွက်လာမှာလဲ"

ဆက္ကနန္ဒ ဟန်တျာ၏လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာအနမ်းပေးပြီးမေးလိုက်တော့

"တစ်နှစ်လောက်လား....နှစ် နှစ်လောက်လား?"

"ဟင်"

ဟန်တျာက စဉ်းစားဟန်လုပ်ကာ စနောက်လိုက်တော့ ဧကရာဇ်ကြီးခမျာ မျက်လုံးပြူးသွားတော့သည်။

"အခုက တစ်လကျော်ပဲရှိဦးမယ်။မိုးနတ်မင်းကြီးအပေါ်မူတည်တယ်။သူပေးတဲ့အချိန် အရှင့်ရဲ့သားတော်တွေကပေါ်ထွက်လာရမှာပဲ"

"ဒါဆိုရင်တော့ ကိုယ်တော်တော့ မိုးနတ်မင်းကြီးကို ခပ်မြန်မြန်လေးကောင်းချီးပေးဖို့ တိုက်တွန်းရတော့မှာပဲ"

"အရှင်က သိပ်ကလေးဆန်တာပဲ"

နှစ်ယောက်သားပြိုင်တူပင်ရယ်မိကြပြီး ရုတ်တရက် အကြည့်ချင်းဆုံမိကြ၏။

ထိုအကြည့်များမှတစ်ဆင့် ဆက္ကနန္ဒ၏အကြည့်တို့သည် ရီဝေလာပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းအစုံတို့သည် အဓိပ္ပာယ်ပြည့်၀သောအပြုံးတစ်ခုကိုလှစ်ဟလျက်ရှိသည်။

"ကိုယ်တော် ကြားဖူးတာတော့ ကိုယ်၀န်လနုရင် တောင်တက် တောင်ဆင်းကိစ္စတွေဟာအဆင်ပြေသေးတယ်တဲ့"

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now