EPISODE (5)

16.4K 1.3K 4
                                    

Unicode

သခင်လေးကို လာရောက်ချောင်းမြောင်းရင်း သခင်လေးရဲ့ သစ္စာခံဖြစ်သွားတယ်တဲ့ !

မင်္ဂလာအကြိုခန်းမဆောင်သည် ရွှေနန်းတော်၏ အနောက်ဖက် မိဖုရားများအနောက်ဆောင်၏ အရှေ့တည့်တည့်တွင် ထည်ဝါစွာတည်ရှိနေသည်။ မင်္ဂလာအကြိုခန်းမဆောင်သည် ရွှေပိန်းချထားသောကျွန်းတိုင်များဖြင့် တည်ဆောက်ထားပြီး အနောက်ဘက်တွင်မူ ပင်မဆောင်ကြီးနှင့်တကွ အဆောင်ငယ်နှစ်ဆယ်ကျော်ပါ၀င်သည်။ဧကရာဇ်၏အနောက်ဆောင်သို့ မိဖုရားအဖြစ်မ၀င်ရောက်မီ ဤအဆောင်တွင် မိမိတို့သက်ဆိုင်ရာ ရာထူးအဆောင်အယောင်အလိုက် မင်္ဂလာအကြိုခန်းမဆောင်တွင် နေရာရလေသည်။

ဟန်တျာသည် မြင့်မြတ်သောဧကရီအရှင်မြတ်လောင်းလျာဖြစ်သဖြင့် အကြိုခန်းမဆောင်၏ပင်မအဆောင်တွင် စံမြန်းရပြီး ရွှေနန်းတော်၏ အဆင့်မြင့်အထိန်းတော်ကြီး လေးယောက်၏အကူအညီဖြင့် ရွှေနန်းတော်ဓလေ့ထုံးတမ်းများနှင့် နန်းတက်ပွဲတွင်ပြုမူ နေထိုင်အပ် ပုံများကို သင်ကြားပြသခံရသည်။ ပင်မဆောင်သည်ကျယ်၀န်းပြီး အမြဲတစေအေးချမ်းသောခံစားမှုကိုဖြစ်စေသည်။အဆောင်ရှိ ဧည့်ခန်းမဆောင်မှာကျယ်၀န်းပြီး ခန်းမအလယ်ရှိ ရွှေပိန်းချပလ္လင်မှာ ဤအဆောင်၏ အဆင့်အတန်းကိုပေါ်လွင်စေသည်။ထို့အပြင်ဧည့်ခန်းမရှိ လူတစ်
‌ေယာက်အရွယ်ပြတင်းတံခါးများမှ တစ်ဆင့် အဆောင်အတွင်းရှိ ဥယျာဉ်ငယ်လေးကို ပါလှမ်းမြင်နိုင်လေသည်။ဥယျာဉ်တော်အတွင်းတွင် အထင်ရှားဆုံးအပင်မှာ နှင်းဆီနီပင်များဖြစ်လေသည်။သေချာစွာပြုစုပျိုးထောင်ထားခံရမှုကြောင့် နှင်ဆီပန်းနီနီများများမှာ လှပစွာ ငွားငွားစွင့်စွင့် ရှိနေကြသည်။

တစ်နေကုန် သင်ကြားပြသမှုပြီးသည့်နောက်တွင်မူ ဟန်တျာသည် ပင်ပန်းနွမ်းနယ်မှုကိုခံစားနေရပြီဖြစ်သည်။ထို့အပြင် နောက်‌တစ်နေ့မနက် နန်းတက်ပွဲအခမ်းအနား ရှိသဖြင့်ကောင်းစွာအနားယူဖို့ရာ လိုအပ်ပြီဖြစ်သဖြင့် သင်ကြားပြသပေးသော အထိန်းတော်များမှာလည်း ဆက်လက်၍မနှောက်ယှက်ရဲတော့ပေ။

"ဒါဆိုရင်ဖြင့် ဒီအစေခံများကိုခွင့်ပြုပါဦး သခင်လေးဘုရား။သခင်‌လေး ကောင်းကောင်းအနားယူနိုင်ဖို့မျှော်လင့်ပါတယ်။"

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now