Unicode
ဘယ်လို အပြစ်ကြီးလဲ?ဧကရီမယ်တော်ကြီး၏ ဘဂ္ဂီနန်းဆောင်တွင်ဖြစ်သည်။
တောက် !
"ဒါသက်သက် ငါ့တူမတော်ကို အရှက်ခွဲသွားတာ။ငါတို့ ရမ္ပအိမ်တော်က မိဖုရားတစ်ယောက်၊ငါလို ဧကရီမယ်တော်ကြီးတစ်ယောက်ရဲ့တူမတော်ကို ဒီလိုလုပ်ရဲတယ်ပေါ့လေ။
ဧကရီ...ဧကရီ....ဒင်းက ဥယျာဉ်သခင် ၀င်စားတဲ့ဧကရီဖြစ်တယ်ဆိုတိုင်း ဒီလိုလာကျောလို့ရရိုးလား၊ကျုပ်ရဲ့ အနောက်နန်းဆောင်ကြီးက ဘယ်လောက်တောင် မာယာများလဲ သင့်ကိုအမြည်းပြရတာပေါ့ ဟင်း...ဟင်း...ဟင်း.."
ဘေးနားတွင် ခစားနေသော ဘဒ္ဒါစုသီသည် မဲ့ပြုံးတစ်ချက်ပြုံးပြီး အရာရာကိုရိုသေကြောက်ရွံ့သောပုံစံပေါ်အောင် ကြိုးစားနေလိုက်သည်။
"ညည်းနှယ် ရိုးလိုက်သပ၊သူများက နင်းတိုင်းခံရအောင် ညည်းကရမ္ပမျိုးနွယ်ကရော ဟုတ်ရဲ့လားလို့သူများမေးငေါ့စရာအေ။"
"မိမိရဲ့ညံ့ဖျင်းမှုအတွက် ဒေါ်လေးကို မျက်နှာပျက်စေမိပါပြီရှင်"
"ကျွန်မတို့ မိဖုရားကြီးကကို စိတ်နှလုံးနူးညံ့တာပါဘုရား။ဧကရီက သိပ်ကိုရက်စက်တတ်သူ ဖြစ်နေတော့ မယ်မယ်မိဖုရားကြီးအတွက်ကံဆိုးမှုကြီးဖြစ်သွားတာပါ မယ်တော်ကြီးဘုရား။"
ဘဒ္ဒစုသီ၏အထိန်းတော်က၀င်ရောက်လျှောက်ထားကာ သူမ၏သခင်မ၏ မတရားခံရမှုကိုဖွင့်ဟလေသည်။
"အိုရ် ငါရှိပါတယ်လေ။ငါ့အကြောင်းကို ဒင်းသိအောင်ပြရသေးတာပေါ့။"
"ဒေါ်လေး ဘုရား၊ မိမိအပြစ်လည်းပါတာမို့ ရှိပါစေတော့ဘုရား။မိမိ နောက်နောင်ဒီလိုမဖြစ်အောင်ဆင်ခြင်ရမှာပေါ့ဘုရား၊ဟင့်..."
ဘဒ္ဒစုသီက ငိုရှိုက်သံဖြင့် သနားချင်စဖွယ်ပြောလေသည်။ဤကဲ့သို့ ဘဒ္ဒစုသီကလုပ်ပြလေ မယ်တော်ကြီး၏ ဒေါသမှာ အတိုင်းမသိတိုးလေဖြစ်သည်။
"ဒီလောက်ရိုးသားပြီး ကြင်နာတတ်တဲ့ကလေးမကို
ဒင်းကပညာပြရက်တယ်။အလကား မောက်မာနေတဲ့ဧကရီကို ငါကလည်း ရိုသေသမှုက ဘာလည်းဆိုတာပြရတာပေါ့။ "
-------------------------------------
ဘဒ္ဒစုသီသည် ဧကရီမယ်တော်ကြီး၏အဆောင်မှအပြန်လမ်းတွင် ဝေါယာဉ်ပေါ်၌ ထိုင်ကာမျက်လံုးနှစ်ဖက်ကိုမှေးကာ အတွေးများလျက်ရှိ၏။
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023