What's Empress Hantra's Palace Position

6.4K 420 1
                                    

Unicode
{သက္ကအန္တလာပြည်၏ နန်းတွင်းမိဖုရားအဆင့်များ}

(၁)မဟာဧကရီအရှင်မြတ်
(တစ်ပါးတည်းသာထားရှိနိုင်သည်။)

သက္ကအန္တလာပြည်၏ တစ်ပါးတည်းသောဧကရီဖြစ်ပြီး ဧကရာဇ်၏တရား၀င်ဇနီးမယားဖြစ်သည်။သူသည် တိုင်းပြည်၏ မိခင်ဖြစ်ပြီး ဧကရာဇ်သွေးသားများ၏ အုပ်ထိန်းသူဖြစ်သည်။အနောက်နန်းဆောင်ရှိဧကရီ၏ အာဏာမှာ အကြီးမားဆုံးဖြစ်ပြီးမည်သူမျှလွန်ဆန်ခွင့်မရှိပါ။

(၂)တော်၀င်မိဖုရားကြီး
(တစ်ပါးတည်းသာထားရှိနိုင်သည်။)

-ဒေဝီဘွဲ့ခံ
-သုတဘွဲ့ခံ
-မုခိဘွဲ့ခံ
-မုရာဘွဲ့ခံ

တော်၀င်မိဖုရားကြီးများ၏ အဆင့်သည်လည်း အထက်ပါအဆင့်(၄)ဆင့်ဖြင့်ပိုင်းခြားထားသည်။ရာထူးတိုးမြှင့်လိုပါ ဤဘွဲ့များအစဉ်အတိုင်းသာ တစ်နှစ်လျှင် နှစ်ကြိမ်တိုးမြှင့်နိုင်သည်။သူသည် ဧကရီ၏ တိုက်ရိုက်အမိန့်ဖြင့် အနောက်နန်းဆောင်အား ကန့်သတ်ထားသောအာဏာဖြင့်အုပ်ချုပ်နိုင်သည်။သို့ရာတွင်ဧကရီကို မကျော်လွန်စေရ။

(၃)တော်၀င်ဒုတိယမိဖုရားကြီး
(နှစ်ပါးသာထားရှိနိုင်သည်။)

-ဒေဝီဘွဲ့ခံ
-သုတဘွဲ့ခံ
-မုခိဘွဲ့ခံ
-မုရာဘွဲ့ခံ

တော်၀င်ဒုတိယမိဖုရားကြီးများ၏အဆင့်သည်လည်း အထက်ပါအဆင့်(၄)ဆင့်ဖြင့်ပိုင်းခြားထားသည်။ရာထူးတိုးမြှင့်လိုပါ ဤဘွဲ့များအစဉ်အတိုင်းသာ တစ်နှစ်လျှင် နှစ်ကြိမ်တိုးမြှင့်နိုင်သည်။တော်၀င်ဒုတိယမိဖုရားကြီးများသည် အစဉ်အလာအားဖြင့် အနောက်နန်းဆောင်အုပ်ချုပ်ရေးတွင်ပါ၀င်ခွင့်မရှိကြပေ။သို့ရာတွင်အထူးအခွင့်အရေးအနေဖြင့် ၎င်းတို့၏အထက်အဆင့် မိဖုရားများမရှိပါက ကန့်သတ်ထားသောအာဏာဖြင့် အုပ်ချုပ်နိုင်သည်။

(၄)တော်၀င်မိဖုရားငယ်
(လေးပါးသာထားရှိနိုင်သည်။)

-ဒေဝီဘွဲ့ခံ
-သုတဘွဲ့ခံ
-မုခိဘွဲ့ခံ
-မုရာဘွဲ့ခံ

တော်၀င်မိဖုရားငယ်များ၏အဆင့်သည်လည်း အထက်ပါအဆင့်(၄)ဆင့်ဖြင့်ပိုင်းခြားထားသည်။ရာထူးတိုးမြှင့်လိုပါ ဤဘွဲ့များအစဉ်အတိုင်းသာ တစ်နှစ်လျှင် နှစ်ကြိမ်တိုးမြှင့်နိုင်သည်။မိဖုရားငယ်များသည်  အုပ်ချုပ်ရေး၌ လုံး၀ ပါ၀င်ခွင့်မရှိပေ။၀င်ရောက်စွက်ဖက်ပါကာ သင့်တော်သောအပြစ်ဒဏ်ကိုခံယူရမည်ဖြစ်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now