Unicode
ကြီးကျယ်ခမ်းနားသော လက်ထပ်ပွဲဟန်တျာက ခွင့်ပြုလိုက်သည်နှင့် အနီရောင်၀တ် နန်းတော်၏ အဆင့်မြင့်အစေခံများ ၀င်ရောက်လာလေသည်။၎င်းတို့၏ လက်ထဲတွင်လည်း နန်းတက်ပွဲအခမ်းအနားပစ္စည်းများကိုယူဆောင်လာကြသည်။
၎င်းတို့ ၀င်ရောက်ပြီးသည့်နောက် ခန်းမဆောင်၏ဘေးတစ်ဖက်တစ်ချက်စီတွင် တန်းစီကာရပ်နေကြပြီး ခေါင်းငုံ့နေကြသည်။ ထို့နောက် နန်းတွင်း အထိန်းတော်ချုပ်ကြီး(၅)ယောက်က ရှေ့နောက်တန်းစီကာ ၀င်ရောက်လာပြီး
"သခင်လေးကို ဂါရဝါပြုပါတယ်။မင်္ဂလာပွဲအခမ်းအနား၀တ်စုံအတွက် ဒီအစေခံများကို ကူညီခွင့်ပြုပါဘုရား။"
ဟန်တျာက ခေါင်းညိတ်ပြလိုက်လေရာ ထို အထိန်းတော်ကြီးများက ရှေ့သို့တိုးလာပြီး ဟန်တျာ၏ အပေါ်၀တ်ရုံအား ဖယ်ကာ အစေခံတစ်ယောက်၏ လက်သို့ထည့်လိုက်သည်။ထို့နောက် အောက်ခံ ဇာအင်္ကျီအပါးကိုပါ ကြယ်သီးဖြုတ်ကာအထိန်းတော်၏ လက်သို့ပေးလိုက်သည်။
အထိန်းတော်ကြီး ဇာအင်္ကျီအပါးကို ဖယ်နေသည်နှင့်တစ်ပြိုင်နက် အခြားအစေခံများအားလုံးနှင့် ဟန်တျာတို့ အပိုင်းသည် နူးညံ့သောပိုးသားလိုက်ကာကြီးဖြင့်ကာစီးပြီးသားဖြစ်သွားသည်။သေချာပေါက်ပင် ဧကရာဇ်၏ မြင့်မြတ်သောဧကရီလောင်းလျာ၏ ကိုယ်ခန္ဓာသည် နိမ့်ကျသောအစေခံများမြင်ရဖို့ရာအကြောင်းမရှိပေ။
အထိန်းတော်ကြီးသည် ဇာအင်္ကျီအပါး၏အောက်မှတဖြည်းဖြည်းထွက်လာသော ဖြူ၀င်းကာ နူးညံ့နေသည့် ကျောက်စိမ်းကဲ့သို့သော ကျော့ရှင်းသည့်ခန္ဓာကိုယ်အားမြင်ကာ မှင်တက်မိသည်။ မိမိအနေဖြင့် အနှစ်ကိုးရာသက်တမ်းတစ်လျှောက် နန်းတွင်းသို့၀င်ရောက်သော သခင်လေးများ၊သခင်မများ၏ လှပ၍နူးညံ့သော ခန္ဓာကိုယ်များကို မြင်ဖူးသော်လည်း ဤခန္ဓာကိုယ်ပိုင်ရှင်သခင်လေးနှင့် ယှဉ်နိုင်သူရှိမည်မထင်။
သို့ရာတွင် မိမိမှာအတွေးများနေဖို့ရာ အချိန်မရှိသဖြင့်ဆက်လက်၍ သခင်လေး၏ ရွှေချည်ထိုးပုဆိုးအားဆွဲယူရပြန်သည်။ တစ်ဖြည်းဖြည်းနှင့် ကျောက်သားကဲ့သို့လှပသော ခန္ဓာကိုယ်ရှိသည့် ယာ၀သခင်လေး၏ခန္ဓာကိုယ်မှာ ရွှေချည်ထိုးဘောင်းဘီအတို ဖြင့်သာကျန်နေတော့သည်။
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023