EPISODE (64)

6.8K 792 63
                                    

Unicode
လှည့်စားခံလိုက်ရခြင်း

ဟန်တျာ၏ဒေါသတို့အဆုံးစွန်ရောက်ချိန်တွင် မျက်လုံးများမှအပြာရောင်အလင်းများတောက်လာပြီး ဖိနှိပ်ထားသောစိတ်စွမ်းအားအချို့ပင်ယိုစိမ့်လာလေသည်။

"ဟန်ဟန်!"

"သွားစမ်း"

"ဘုတ်"

"အာ့"

"အမလေး ဘာကြီးလဲ"

"ဟဲ့ဘာတွေဖြစ်နေကြတာလဲ"

"ဟင်!"

"ဟမ်"

"ဝုန်း"

အဖြစ်အပျက်များကရုတ်တရက်ဆန်လွန်းကာ များစွာသောအာမေဋိတ်သံများကရှေ့ဆင့်နောက်ဆင့်ထွက် ပေါ်လာတော့သည်။

ဟန်တျာပြတင်းတံခါးမှ အတွင်းခန်းကိုကြည့်နေချိန်တွင် တစ်စုံတစ်ဦးကဟန်တျာ၏နာမည်ကိုခေါ်ကာ ပခုံးကိုပုတ်လိုက်သော်လည်း ဟန်တျာကဒေါသထွက်နေသည့်အလျောက်  အလိုအလျောက်ပင် နောက်မှလူကိုတွန်းလွှတ်လိုက်သည်။

အနောက်မှလူသည် ဘုန်းခနဲလဲကျသွားပြီး နာကျင်သောအသံထွက်လာမှ ဟန်တျာမျက်လုံးပြူးကာနောက်ကိုလှည့်ကြည့်လိုက်သည်။

မိမိအနောက်တွင်ရှိနေသည်က ဧကရာဇ်ဖြစ်နေသည်!!!

ဒါဆို အခန်းထဲကဟာကရော?
ဟန်တျာ လဲကျနေသော ဧကရာဇ်ကိုတစ်ချက်စစ်ဆေးကာ တွဲထူလိုက်သည်။အစစ်အမှန် မိမိ၏ခင်ပွန်းသည်ဧကရာဇ်က ဤလူဖြစ်သည်။
ဒါဆိုရင်.......

ဟန်တျာ ဧကရာဇ်၏လက်တစ်ဖက်ကိုမလွှတ်တမ်းဆုပ်ကိုင်ကာ ပြတင်းပေါက်ကိုဝုန်းခနဲဖွင့်လိုက်သည်။

ရုတ်တရက်ပွင့်လာသောတံခါးကြီးကြောင့်အထဲမှ လူနှစ်‌ယောက်သည်အလန့်တကြားခွာလိုက်ကြပြီး အမျိုးသမီးငယ်က ကုတင်ပေါ်မှပြေးဆင်းသွားသည်။သို့ရာတွင်ကုတင်ပေါ်မှ လူကမူမလှုပ်မယှက်နှင့်သာကျန်ရစ်ပြီး ရုတ်တရက် ကြောက်မက်ဖွယ်ရာ အလောင်းကောင်ကြီးအဖြစ်သို့ကူးပြောင်းသွားလေသည်။

ထိုမြင်ကွင်းကြောင့် ထိုမိန်းမငယ်ကလေးကအလန့်တကြားအော်လိုက်သည့်အခါ အိပ်ခန်းအပြင်မှ အဘွားအိုသည် တံခါးကိုတွန်းဖွင့်လာပြီး အခန်းထဲသို့ ပြေး၀င်လာလိုက်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now