EPISODE (29)

10.2K 940 99
                                    

Unicode
စာမြည်း-

"အရာအားလုံးဟာဧကရီရဲ့သဘောအတိုင်းပါ ဘုရား"

"သက်ဦးဆံပိုင်ဧကရာဇ်မရှိမှတော့ ထီးနန်းကိုတခြားသူကိုလွှဲအပ်သင့်ပါတယ်လေ"

"ဒီလိုဆိုရင်လည်း အသက်ငယ်သေးတဲ့ ပထမမင်းသားလေးကိုယ်စား ဧကရီကပဲ ကိုယ်စားအုပ်ချုပ်ရမှာပါပဲ"

**********
Unicode
ဘယ်သူ ရာထူးအကြီးဆုံးလဲ

စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မဟာမြတ်သည် တိုက်ပွဲပေါင်းမြောက်မြားစွာကိုဆင်နွှဲခဲ့ပြီးယခု ဧကရာဇ်၏ အမာခံလက်အောက်ငယ်သားဆိုရင်လည်းမမှား။

ဆက္ကနန္ဒ ထီးနန်းရယူရေးတွင် ထဲထဲ၀င်၀င်ပါ၀င်ခဲ့သူဖြစ်ပြီး ရဲစွမ်းသတ္တိအပြည့်ရှိသောကြောင့်ဧကရာဇ်က ပင်မစစ်တပ်ကြီးကိုပင် ၎င်းအားလွှဲအပ်ခဲ့သည်။

"ချွမ်"

ဗိုလ်ချုပ်ကြီးမဟာမြတ်၏ ဓားသည် ဦးလောင်းရှည်၏ မီးဓားကို ထိခတ်မိပြီး ချွမ်ခနဲအသံမြည်သွားခဲ့သည်။သို့ရာတွင် မကြာမီ ဦးလောင်းရှည်၏ဓားသည် ဖြောင်းခနဲမြည်ကာကျိုးသွားတော့၏။

ဦးလောင်းရှည်တစ်ယောက် သူ၏အနှစ်သက်ဆုံးဓားပျက်စီးသွားသည်ကိုမြင်ကာ စိတ်တိုသွားပြီး ၎င်း၏စိတ်စွမ်းအားများကို ရုတ်တရက်စုစည်းလိုက်တော့သည်။

စိတ်စွမ်းအားအခိုးအငွေ့အမည်းများဖြင့် ရစ်သိုင်းနေသော ဦးလောင်းရှည်၏ ရုပ်ရည်သွင်ပြင်သည် ရုတ်တရက်ကြည့်လိုက်ပါက ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်ကြီးအလားပင်။

"အဆုံးသတ်တိုက်ကွက် ! "

ဟန်တျာသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နောက်မှ အမျိုးသမီးစစ်သည်များကို ရှောင်တိမ်းရန်အချက်ပြလိုက်သည်။

အဆုံးသတ်တိုက်ကွက်သည် မိမိကိုယ်ကို အတိအလင်း အဆုံးသတ်ပြီးစိတ်စွမ်းအားများကို အစွမ်းကုန်ထုတ်ကာ တစ်ဖက်ရှိရန်သူကိုပါ သေခြင်းတရားနှင့်ဆွဲခေါ်ခြင်းဖြစ်သည်။စိတ်စွမ်းအားမြင့်သူများပင် စိစိညက်ညက်ဖြစ်သည်အထိ အဖျက်စွမ်းအားကြီးသော တိုက်ကွက်ဖြစ်လေသည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now