EPISODE (30)

10.5K 906 62
                                    

Unicode

"မယ်မယ်...မယ်မယ် !"

နန်းဆောင်အရှေ့မှ နန်းတွင်းသူတစ်ယောက်ကအော်ကာပြေးလာလေသည်။

"ကိစ္စတွေကရှုပ်ထွေးနေပါပြီ မယ်မယ်ဘုရား"

နန်းတွင်းသူလေးက နန်းဆောင်ကြမ်းပြင်တွင် ၀ပ်တွားကာ လျှောက်ထားလိုက်သည်။

မိုင်းခင်ဒေဝီ သည် ရုတ်တရက် ထိတ်လန့်သွားပြီး

" ဘာတွေဖြစ်ကုန်ပြီလဲ ပုန်ကန်တယ်ဆိုတာကအမှန်ပဲလား"

"ဧကရီမယ်တော်ကြီးနဲ့ ဓားမီးပျံဂိုဏ်းက ပူးပေါင်းပြီးဧကရာဇ်အရှင်ကိုလုပ်ကြံဖို့ ကြိုးစားပြီး ဧကရီ ကိုပါဖမ်းဆီးဖို့ လုပ်နေတဲ့ အချိန်မှာ ပင်မစစ်တပ်ကြီး က ရွှေနန်းတော်ကိုရောက်လာပြီး ပုန်ကန်သူအားလုံးကိုဖမ်းဆီးလိုက်ပါပြီဘုရား.."

ဘဒ္ဒစုသီအဖို့ ပထမဦးဆုံးစကားများနှင့်ပင် တုန်လှုပ်ဖို့ရာလုံလောက်သည်။အရီးတော်ပြောသည့်အတိုင်း သူမ,ရှင်ကျန်အောင်ကြိုးစားကာနေမှဖြစ်ပေလိမ့်မည်။

"အဲ့‌ဒါပြီးဘာဆက်ဖြစ်လဲ၊ဧကရာဇ်ရော အဆင်ပြေရဲ့လား"

"ဧကရာဇ်က အခုထိသတိလစ်နေပါတယ်တဲ့ဘုရား၊ပြီးတော့ ဧကရီက ရင်ခွင်ပိုက်အုပ်ချုပ်ရေးကို ဖော်ဆောင်ပြီး ပုန်ကန်သူအားလုံးကို ကွပ်မျက်မိန့်ပေးလိုက်ပါတယ်ဘုရား!!"

"ဘာ!"

မိုင်းခင်ဒေဝီမင်းသမီးကြီးသည် သလွန်ပေါ်တွင်ထိုင်နေရာမှ ရုတ်တရက်ထရပ်မိသည်။

"မယ်မယ် သတိထားပါဘုရား၊ဧကရီက အရှင်ပြန်လည်နိုးထနိုင်မယ့်နည်းလမ်းကို ကြိုးစားပြီးရှာဖွေနေပါတယ်၊ပြီးတော့ ဧကရီ့မှာ တော်၀င်ရင်သွေးများကိုလည်းလွယ်ထားရပါပြီတဲ့ဘုရား"

ဘဒ္ဒစုသီသည် သူမခန့်မှန်းထားသည့်အခြေအနေအရပ်ရပ်နှင့်လွဲချော်နေသည့်အဖြစ်အပျက်များကိုကြားလိုက်ရသဖြင့် အသက်ရှုရပ်မတတ်ပင်ဖြစ်နေတော့သည်။

ဧကရီ..ဧကရီ..ဒင်းကံကောင်းတာများနေပြီ..အခုတော့ ထောင်ချောက်ကလွတ်မြောက်သွားတဲ့အပြင် တော်၀င်သွေးသားအထိပါ.....။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now