Unicode
ထင်သလောက်မရိုးရှင်းခဲ့သူ"မင်းက ငါ့ညီတော်ရောဟုတ်ရဲ့လား။စူဠအလင်္ကာကဒီလိုမျိုးမဟုတ်ဘူး!"
မူလအလင်္ကာထိတ်လန့်စွာပြောလိုက်သည်။ထို့နောက်လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကာ လက်ထဲမှ စွမ်းအင်လုံးကိုလည်းအသင့်ပြင်လိုက်သည်။
ဟန်တျာကမူပခုံးတွန့်လျက်.....။
"ငါက ဟိုးအရင်ကစူဠအလင်္ကာပါဘဲ။ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့သနားကြင်နာမှုလေးတွေတောင်နည်းနည်းပါရင်ပါနေဦးမယ်"
ရယ်ကျဲကျဲဖြင့်ပြောလိုက်သည့်စကားသံက မူလအလင်္ကာ၏ဒေါသကိုအရှိန်မြင့်စေသွားသည်။
ဒါကသူ့ရဲ့ငယ်ငယ်က ညီတော်လေးမဟုတ်တော့ဘူး။
သူချစ်ရတဲ့ညီငယ်မရှိတော့ဘူး။
သေချာတာကတော့ သူ့ရှေ့ကလူကို မူလအလင်္ကာ ရှင်းလင်းရမယ်။
ရုတ်တရက် မူလအလင်္ကာ၏အပြာရောင် မျက်လုံးများက ပို၍လင်းလက်လာပြီး လက်ထဲမှ စွမ်းအင်လုံးကလည်းတစ်ရစ်ပြီးတစ်ရစ်ဖြင့် ကြီးထွားလာကာပေါက်ကွဲထွက်တော့မည့်သယောင်ဖြစ်နေသည်။
ဧကရာဇ်သည် တစ်ဖက်မှ ဟန်တျာအားရန်လိုနေမှုကို ခံစားမိသဖြင့် စိတ်စွမ်းအားဖြင့်ပျံသန်းချင်သော်လည်း တစ်ဖက်မှ ဟန်တျာက တားဆီးထားသဖြင့်မသွားနိုင်ဘဲဖြစ်နေရသည်။
*မလာပါနဲ့အရှင်။ကျွန်ုပ်ကိုယ်တိုင်ဖြေရှင်းမှရမှာမို့ သင်၀င်မပါပါနဲ့...။
"ဝုန်း"
အပြာရင့်ရောင်စွမ်းအင်လုံးကြီးကဟန်တျာကိုထိခတ်သွားချိန်တွင် ဟန်တျာသည် နောက်သို့တစ်လံမျှဆုတ်သွားပြီး စေ့ထားသော နှုတ်ခမ်းနှစ်လွှာအကြားမှသွေးများပင်စီးကျလာတော့သည်။
"ဟန်ဟန်!"
ဧကရာဇ်ရင်ထဲစူးခနဲဖြစ်သွားကာ စိတ်စွမ်းအားဖြင့်ပျံသန်းကာသွားလိုက်သော်လည်း မမြင်နိုင်သည့်အကာအရံတစ်ခုက ကောင်းကင်အလွှာကိုပိုင်းခြားထားသဖြင့်ကျော်ဖြတ်မရဖြစ်နေတော့သည်။
"တောက်!"
"ဒုန်း"
ဧကရာဇ် တောက်ခေါက်ကာဒေါသထွက်သွားပြီး သူ၏စိတ်စွမ်းအားများဖြင့် ထိုအကာအရံအားချိုးဖြတ်ရန်ကြိုးစားသော်လည်းအရာမထင်ပေ။သို့ရာတွင် လက်မလျှော့ဘဲ ထိုအကာအရံဆီသို့စိတ်စွမ်းအားများပို့လွှတ်ကာ ဖျက်ဆီးရန်ကြိုးစားနေမြဲဖြစ်သည်။
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023