Unicode
"လေရူးကသုန် ကံကဆုံ၊
တူနှစ်ကိုယ် အရှင်နှစ်ပါးကဖြင့်
အများကိုရည်သန်၍
ကိုယ်တော်နှစ်ပါးကိုမွေးထုတ်ခဲ့ပြီ၊
ရွှေဘုန်းတော်တိုးပါလို့ မဟာသက္ကပြည်တော်
တိုင်းလုံးကျော်ပါစေသား၊ အရှင့်သားတို့ဘုရား"
ပုဏ္ဏားကြီးကသံနေသံထားဖြင့်ရွတ်ဆိုကာလျှောက်ထားလိုက်တော့ သလွန်ပေါ်တွင် အရှင့်သားနှစ်ပါးအား ကိုယ်စီပွေ့ချီထားသော အရှင်နှစ်ပါးကပြုံးတော်မူသည်။
သီးခြားစွာ သလွန်တွင်စံမြန်းနေသော ရူပါဒေဝီသခင်မက နှစ်ခြိုက်စွာပြုံးကာ ခေါင်းငြိမ့်တော််မူသည်။
ပုဏ္ဏားကြီးသည်အရှင်တို့၏အမူအယာကိုမပြတ်အကဲခတ်နေသည့်အလျောက် မိမိ၏လျှောက်ထားချက်ကဗျာသည် အခြေအအနေကောင်းသည်ဟု ကောက်ချက်ချလိုက်နိုင်သည်။
"ကောင်းပြီ၊မောင်မင်းရဲ့ကဗျာကို ကိုယ်တော်တို့နှစ်ခြိုက်တော်မူတယ်၊ငဈာရန် ဒီပုဏ္ဏားကို ရွှေငွေများချီးမြှင့်စေ"
အရှင်မင်းကြီးက တွန့်တိုမှုမရှိ ချက်ချင်းပင်၀မ်းသာအားရချီးမြှင့်လိုက်တော့ ပုဏ္ဏားကြီးသည်လွန်စွာပျော်ရွှင်သွားပြီး.....
"အရှင်နှစ်ပါးတို့ရဲ့ဘုန်းကျက်သရေကိုကြည်ညိုသောအားဖြင့်ဒီကကျေးတော်မျိုးကျွန်တော်မျိုးကို နိမိတ်လက္ခဏာများဖတ်ပေးခွင့်ပြုတော်မူပါဘုရား" ဟုလျှောက်လိုက်သည်။
ဧကရာဇ်ကြီးသည်ဟန်တျာ့ဘက်သို့လှည့်ကြည့်လိုက်ပြီး ဟန်တျာသည်လည်းခေါင်းငြိမ့်ပြလိုက်သဖြင့် ပုဏ္ဏားကြီးအားခွင့်ပြုလိုက်သည်။
ရူပါဒေဝီသခင်မကမူ ကဗျာပေါ်၌ကျေနပ်မှုရှိသောလည်း နိမိတ်ဖတ်မည်ဟုဆိုသောအခါ သိပ်၍မကျေနပ်တော့ပေ။
သူမ၏ယောင်းမတော် မဟေသီကိုယ်တိုင်က အနာဂတ်ကိုတိကျစွာဟောပြောနိုင်သဖြင့် ဤလူ့ပြည်မှ လူများ၏နိမိတ်ဖတ်မှုကိုနည်းနည်းလေးမှအထင်မကြီးမိပေ။
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023