EPISODE (25)

10.4K 978 23
                                    

Unicode
ဖော်ထုတ်ခြင်း
(သွေးသံရဲရဲရေးသားချက်များ အနည်းငယ်ပါ၀င်သဖြင့် မိမိအခြေအနေဖြင့်ချင့်ချိန်ဖတ်ပါလေ။)

ဘာ!!
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ငါ့မွေးစားအဖေမှာရှိတဲ့နတ်‌ပုလဲသွယ်ရတနာတောင် အခုလောက်စိတ်စွမ်းအားမမြင့်ဘူးလေ!

ဟိန္ဒမိဖုရား၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်ရွံ့ထိတ်လန့်မှုကြောင့်တုန်ရီနေပြီး မည်သို့ရင်ဆိုင်ရမည်ကိုအသည်းအသန်စဉ်းစားနေရသည်။

"ဒါဆိုရင်တော့ဖြင့် စုစုကပဲ နည်းလမ်းပြပေးနိုင်မလား"

ဟန်တျာကတည်ငြိမ်စွာပြောလိုက်ပြီး နတ်ပုလဲသွယ်ရတနာအား စုစု၏လက်တွင်းသို့ထည့်လိုက်သည်။

စုစုသည် ထိုသတ္တဝါလေး မိမိလက်တွင်းသို့ရောက်သောအခါ အင်မတန်ကြောက်လန့်သွားပြီး စိတ်လှုပ်ရှားသွားသည်။

ဒီဟာကနတ်ရတနာလေ၊နတ်ရတနာ!! ခိုးပြေးရင်ကောင်းမလား..မဖြစ်သေးပါဘူး အမလေး ငါ့အကြံနဲ့သာဆိုရင်တော့ အလင်းအမှောင်နှစ်ဖွဲ့ပေါင်းပြီး ငါလေး အရေခွံစုတ်ခံရမယ့် အခြေအနေကြီး။

စုစုသည် မိမိ၏မှောင်မိုက်နေသောအတွေးများအားဖယ်ထုတ်ကာ ဟန်တျာအားကြည့်လိုက်ပြီးသွားဖြီးပြလိုက်သည်။

"ဟီးဟီး ..ကျွန်တော်မျိုးမစီမံ ဆောင်ရွက်ပါ့မယ်ဘုရား။"

ဟန်တျာက ဆက်လုပ်ဟုသော အမူအရာဖြင့်လက်ပြလိုက်သည်။

"အဟမ်း...နတ်ပုလဲသွယ်သတ္တဝါ !သင်ဟာ ဧကရီရဲ့အမှုတော်ကိုထမ်းရတဲ့အပြင်..."

"ဂွပ်"

"အာ့"

စုစုသည် အမိန့်ပြန်တမ်းအား ဆုံးအောင်ပင်မဖတ်လိုက်ရချေ။တစ်စုံတစ်ရာက မိမိ၏ ခေါင်းအားဂွပ်ခနဲနေအောင်ခေါက်ခြင်းကိုခံလိုက်ရသည်။စုစုသည်အနည်းငယ် ဒေါသထွက်သွားကာ ဘေးဖက်ဝဲယာအား ကြည့်လိုက်သော်လည်းမည်သူမျှမရှိသဖြင့် ဒေါသပိုထွက်လာကာ မျက်မှောင်ကြုပ်လိုက်သည်။

"စုစု.. ရပြီ ဒီကိုလာ"

ဟန်တျာကခေါ်လိုက်သောအခါမှသာ စုစုသည်သဘောပေါက်တော့သည်။သွေးကြီးသောနတ်ပုလဲသွယ်သတ္တ၀ါသည် ၎င်းတို့အားအခြားသူများကအမိန့်ပေးသည်ကိုမကြိုက်ပေ။ထို့အပြင်ပိုင်ရှင်ကို
လည်းဂျီးများတတ်သည်။မိမိသည် မိစ္ဆာဖြစ်သဖြင့်ဤနတ်သတ္တဝါက မိမိ၏အမိန့်ပေးခြင်းအား လက်မခံခြင်းဖြစ်ရမည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now