EPISODE (76)

7.4K 699 45
                                    

Unicode
ပရိယာယ်

မဏိစုသီတစ်ယောက် မိမိပါးပြင်ပေါ်သို့ကျရောက်လာသည့် ရိုက်ချက်များကိုခံယူရင်းစိတ်နှလုံးလေးရွှင်မြူးသွားရသည်။

သူလိုချင်တာလည်း ဒီအကွက်ပဲလေ။

"အာ့....."

ခိုကိုးရာမဲ့ဟန် မျက်၀န်းတို့ကမျက်ရည်ကြည်များဝေ့ဝဲလာပြီး အဆင့်မြင့်မင်းသမီးတစ်ပါးဖြစ်သည့်အားလျော်စွာ ဖြူနုနေသည့်ပါးပြင်ပေါ်၌ လက်ဝါးရာ နီနီရဲရဲကအထင်းသား။

အခြားအရာများကိုထည့်မတွက်နှင့်ဦး။လက်ဝါးရာ
နှင့်ပင် ရိုက်အားမည်မျှရှိသည်ကိုတွက်ဆနိုင်လေသည်။

မဏိစုသီက အရိုက်ခံလိုက်ရသည့် ပါးပြင်တစ်ဖက်ကို လက်ဖဝါးဖြင့်အုပ်ကာ  တအံ့တသြကြည့်လိုက်သည်။သူမ၏ပုံစံကအပြစ်ကင်းစင်ကာ ကာကွယ်ပေးချင်စရာအလှလေးပုံစံပေါက်နေပြီး တစ်ဖက်မှစူးရဲစွာကြည့်နေသည့် အလှလေးရူစန္ဒာကတော့ ရက်စက်မောက်မာသူအဖြစ် အသွင်ပြောင်းသွားတော့သည်။

"အကိုတော် ညီမတော်ကိုဘာလို့ရိုက်ရတာလဲ ?"

သူမ၏အသံက၀မ်းနည်းနေသည့်ဟန်ပေါက်သော်လည်း သူမ၏မျက်လုံးမှတစ်ဆင့် အကြံအစည်ကြီးမားသည့်ပျော်ရွှင်မှုကိုတစ်ခုကို ရူစန္ဒာတစ်ယောက်မြင်လိုက်ရသည်။

ဤအပြုအမူသည် သူ၏အမှားဟုဆိုနိုင်သော်လည်း ရူစန္ဒာကတော့ဂရုမစိုက်နိုင်ပါ။

ပါးစပ်စည်းမစောင့်တဲ့မိန်းမဟာ အရာရာကိုစည်းကမ်းမရှိ ထိပါးဖို့၀န်လေးမှာမဟုတ်ဘူး။

နဂါးမှန်းသိအောင်အမောက်ထောင်ပြထားရမှာဖြစ်သလို လွယ်လွယ်စလို့မရမှန်းသိအောင်လည်း အရိပ်အခြည်ပြနေမှဖြစ်မည်။

"ဖြောင်း "

ကျန်ပါးတစ်ဖက်ကိုရောက်လာသည့်ရိုက်ချက်က ကျန်လူများကိုရော မဏိစုသီကိုပါအံ့သြသွားစေရသည်။

ရိုက်ချက်ကပြင်းလွန်းလို့ သူမ သွားတွေအခွေလိုက်ကျွတ်ထွက်သွားပြီလား မှတ်ရတယ်။

ငန်ကျိကျိအရသာလည်းရနေသလိုဘဲ...?
မဏိစုသီသူမ၏ပါးနှစ်ဖက်ကိုအုပ်ကိုင်ရင်းနှုတ်ခမ်းပေါ်ရှိစေးပျစ်ပျစ်အရာများကိုလက်ဖြင့်တို့ကြည့်လိုက်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now