EPISODE (73)

6.7K 682 36
                                    

Unicode
အလှနတ်ဘုရားနှစ်ပါးရဲ့ မော်ကြွားတဲ့တိုက်ပွဲ

"ဖေဖေ...ခမည်းတော်..."

ရှေ့ကိုရောက်တော့စခေါ်လိုက်သည့်နာမည်စဉ်အရနဲ့တင် ဟန်ဟန်က မိမိထက်အရာရောက်နေသည်ကိုသိ‌နိုင်သည်။သို့ပေမယ့် ဤအရာက ဧကရာဇ်ကိုစိတ်ပျက်၀မ်နည်းစေမှာမဟုတ်ပေ။

"ခမည်းတော်ရော ဖေဖေရောက ညီတော့်ကိုတစ်ချိန်လုံးမျှော်နေတာ။အထူးသဖြင့် ဖေဖေကပေါ့။ညကတည်းကမျှော်နေတာ။ဟုတ်တယ်နော် ခမည်းတော်"

ရူစန္ဒာအဏီရာကမိဘများကိုကန်တော့နေသည့်ညီဖြစ်သူအားကြည့်ကာပြောလိုက်သည်။

"ဟုတ်ပါ့ကွာ။သားတော်ရဲ့ ဖခင်က သားတော်ကိုဘယ်လောက်တောင်မျှော်နေသလဲဆိုရင်ဟောဒီချောင်ကျနေတဲ့မျက်နှာလေးကိုသာကြည့်ပေါ့ကွယ်"

အရှင်ဧကရာဇ်က အနည်းငယ်ချောင်ကျနေသောခပ်လှလှမျက်နှာလေးကိုမထိရက်မကိုင်ရက်စွာဖြင့် ညွှန်ပြလိုက်တော့ ရူတာရာတစ်ယောက် မျက်နှာတစ်ချက်ညှိုးကာ.....။

"ဒီသားတော်က ဖခင်ကိုပစ်ထားမိပါတယ်။နောက်နောင်ဒီထက်အဆပေါင်းများစွာပိုပြီးဂရုစိုက်မှာမို့ ဒီသားတော်ကိုခွင့်လွှတ်ပေးပါဖခင်"

"အို...သားတော်နှယ် အတွေးတိမ်ရန်ကော။သားတော်က တိုင်းပြည်တာဝန်ထမ်းရွက်တဲ့ကိစ္စမှာ ဒီဖခင်က ဘောက်မဲ့ကြောင့် အထွန့်တက်ရပါ့မလဲ။ဟန်ဟန့်သားတော််ငယ်ဟာ တာဝန်ကျေတဲ့သားတော်ဖြစ်တာမို့ ဒီကဖခင်ကပိုလို့တောင်ဂုဏ်ယူပါသေးတယ်ကွယ်"

ခမည်းတော်ဘေးနားကိုကပ်ကာပြုံးစိစိလုပ်နေသူရူစန္ဒာတစ်ယောက် ထိုစကားကိုကြားတော့ ဖအေဖြစ်သူကိုစနောက်ချင်စိတ်ကထွက်‌ ‌ပေါ်လာတော့သည်။

"ဒါဆိုရင်တော့ ဒီသားတော်တော့ အခြေစိုက်စခန်းကိုသွားဖို့ပြင်မှတူပါတယ် ခမည်းတော်ဘုရားရယ်"

အရှင်ဧကရာဇ်ကထိုစကားကိုကြားတော့ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် သားတော်လေး၏ခေါင်းကိုခေါက်လိုက်သလို ဟန်တျာကလည်း မျက်စောင်းသေးသေးလေးတစ်ချက်ဖြင့် အကြည့်ပေးလိုက်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now