EPISODE (49)

8.5K 835 76
                                    

Happy new year ပါ ကလေးတို့ရေ!!

မိုင်တို့၂၀၂၂ ကို ကျော်ဖြတ်ပြီး၂၀၂၃ကိုရောက်တော့မှာပေါ့နော်။ဆိုတော့ ကျန်းမာကြပါစေ။ချမ်းသာကြပါစေ။စိတ်ချမ်းသာကြပါစေ။မိုင်ဆုတောင်းပေးပါတယ်။ဟီးဟီး အဖိုးကြီးလားကျနေတာပဲ။

မိုင်တို့၂၀၂၃ခုနစ်ကို၀င်တဲ့အချိန်မှာပဲ ၀တ္ထုလေးရဲ့တစ်၀က်ကိုရောက်ခဲ့ပြီပေါ့နော်။ဆိုတော့ ဆက်လက်ပြီးအပြုံးလေးတွေနဲ့လိုက်ပါခဲ့ပေးပါဦးနော်။နှစ်သစ်မှာ ပိုပြီးကြိုးစားကြမယ်နော်။

Anyway Congratulations to me for 500 Followers and 90K views.
--------------------------------------
Unicode
ပေးထားတဲ့ကတိကိုတည်ရမယ်လေ။

"အီးးးးယားးးးးး"

"အရှင်ဧကရာဇ်ဘုရား အားနည်းနည်းစိုက်ပြီးထပ်ကြိုးစားကြည့်ပါဦး"

"အင်းးးးးမရတော့ဘူးးးးးးးး"

"ယားးးးးးးး"

နန်းဆောင်ထဲတွင်တော်၀င်သမားတော်ကြီးများနှင့် အထိန်းတော်များအပါအ၀င်ကျန်နန်းတွင်းသူများအားလုံးသည်ချွေးဇောပျံနေကြပြီဖြစ်သည်။

အချိန်ကလည်းကျနေပြီ။မွေးတာကလည်းမွေးချင်နေပြီ။ကောင်းကင်ဘုံသန္ဓေပြောင်းသွေးစက်စာချုပ်အရ မွေးလမ်းကြောင်းကလည်းသူ့အလိုလိုပွင့်နေပြီ။

ဒါပေမယ့် အရှင့်သားတော်တွေက ဘယ်‌လောက်ပဲညှစ်ညှစ်ထွက်မလာဘူး !!

ဤသားတော်များသည် အရှင်နှစ်ပါး၏သားဦးရတနာဖြစ်သလို တိုင်းသူပြည်သားများအတွက်လည်းမြင့်မြတ်သော တော်၀င် သွေးသားမင်းသားများဖြစ်သဖြင့် လောကကြီး၏ အသည်းသက်ညှာဖြစ်သည်။ရှင်းရှင်းပြောရလျှင် ဤတော်၀င်သမားတော်များအဖို့ ဧကရီအရှင်အား မွေးဖွားပေးခြင်းသည် ဓားပေါ်တွင်လမ်းလျှောက်ရနေခြင်းနှင့်တူညီသည်။

အောင်မြင်ပါက ရွှေငွေလာဘ်လာဘများရရှိနိုင်ပြီး တိုင်းပြည်အနှံ့ ဂုဏ်ကျက်သရေထွန်းလင်းနိုင်သော်လည်း မတော်တဆချွတ်ချော်သွားပါက လည်ပင်းနှင့်ခန္ဓာယတိပြတ် တာ့တာပြရမည်ဖြစ်ပြီး ထိုသို့မဟုတ်ဘဲအသက်ချမ်းသာရာရမည်ဆိုလျှင်တောင် တစ်တိုင်းပြည်လုံး၏တံတွေးခွက်တွင်ပက်လက်မျောနေရမည်ဖြစ်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now