EPISODE (2)

23.9K 1.8K 41
                                    

Unicode
အိမ်တော်မှ ထွက်ခွာခြင်း

စိုးရိမ်ပူပန်မှုများနှင့် အချိန်တွေကုန်လွန်ပြီးတဲ့နောက်ဟန်တျာအတွက် အိပ်ဖို့ရန်သာရှိတော့၏။သန္ဓေပြောင်းရေးကာလအတွင်း သွေးစက်ပြောင်းကောင်းကင်စာချုပ်ကြောင့် သူ့အနေနဲ့ တစ်ကယ်ကြီးပင်ပန်းခဲ့ပေမယ့် အခု‌တော့ လူက ဖျက်လတ်နေလိုက်တာ အရင်က ထုံထုံထိုင်းထိုင်းခံစားချက်များပင်ပျောက်ဆုံးသွားသယောင်။စာချုပ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် သူအချိန်အတိုင်းအတာတစ်ခုအထိ အစာစားရန်မလိုအပ်တော့။

နောက်တနေ့မနက်မျက်လုံးဖွင့်သည်နှင့် သူ့ရဲ့ပြန်လည်မွေးဖွားခြင်း မှာအမှန်တစ်ကယ်ပင်တည်ရှိသေးကြောင်းမြင်လိုက်ရမှသာ ဟန်တျာစိတ်သက်သာရာရသွားတော့၏။ဟန်တျာ အိပ်ယာမှထကာ အိမ်တော်အစေခံနှစ်ဦးယူလာပေးသောရေဖြင့်ကိုယ်လက်သန့်စင်လိုက်သည်။

ဟန်တျာအနေနှင့် ယနေ့မနက် ယာ၀အိမ်တော်မှ မဟာအဏီရာရွှေနန်းတော်သို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။ကြားထဲ နန်းတော်သို့မ၀င်ရောက်မီအချိန်တွင် ဟန်တျာအနေနှင့်မိမိအိမ်တော်မှအပြင်ဘက်သို့ထွက်ခွင့်မရှိခဲ့ပေ။

"သခင်လေးအ၀တ်အစားလဲပြီး နန်းတော်ကိုသွားသင့်ပါပြီ"

အထိန်းတော်ကြီးဦးမာဂက အခန်းအပြင်မှလှမ်းအသိပေးလေသည်။

ဟန်တျာအနေနှင့် ယာ၀အိမ်တော်တံဆိပ်ပါ၀တ်စုံကိုလဲလိုက်ကာအပြင်ထွက်လိုက်သည်။ဟန်တျာ၏အဆောင်တော်သည် ယာ၀အိမ်တော်ရှိသခင်လေးအဆောင်တော်များထဲတွင် အခမ်းနားဆုံးဖြစ်သည်။အဆောင်တိုင်များကိုရွှေရည်သုတ်လိမ်းထားပြီး အိပ်ယာဆောင်တွင်မူ ရွှေချည်ဖြင့်အတိပြီးသောပုဝါပါးများဖြင့် အလှဆင်ထားသေးသည်။ ဤသက္ကအန္တလာတိုင်းပြည်တွင် မိသားစုများ၏ကြွယ်၀မှုနှင့်အဆင့်အတန်းကိုထိုအိမ်များ၏အပြင်အဆင်ကိုကြည့်ရုံဖြင့်ဆုံးဖြတ်နိုင်သောကြောင့် ဟန်တျာရဲ့ အဆောင်တော်နှင့်ပင်ယာ၀အိမ်တော်က အဆင့်မြင့်အိမ်တော်စာရင်း၀င်တယ်ဆိုတာကို သံသယဖြစ်စရာတော့မရှိ။

အဆောင်တော်မှထွက်ကာ ယာ၀အိမ်တော်ရှိမြင့်မြတ်သောဧည့်ခန်းမဆောင်သို့ဦးတည်သွားလိုက်လေသည်။အနောက်တွင်မူ အထိန်းတော်ကြီးဦးမာဂနှင့်အတူ မိမိ၏အဆောင်တော်မှအစေခံအမျိုးသားနှစ်ဦးနှင့် မယ်အိနှင့်မယ်ဖြူခေါ် အမျိုးသမီးနှစ်ဦးလိုက်ပါလာသည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now