EPISODE (22)

10.7K 1K 42
                                    

Unicode
သူပြန်လာပြီ !!

"မယ်မယ့်ကိုဂုဏ်ပြုပါတယ်ဘုရား။"

"မယ်မယ် ဟိုကိုပြန်‌ရောက်တဲ့အခါ ကျွန်မတို့ကိုမမေ့နဲ့နော်။"

ဘဒ္ဒစုသီ၏ကုတင်ဘေးတွင် ကိုယ်၀န်သတင်းကိုကြားသဖြင့်တော်၀င်သားရဲထိန်းကျောင်းမှ နန်းတွင်းသူများက လာရောက်ကာမြှောက်ပင့်ပြောဆိုပြီး သူမတို့တက်လမ်းအတွက် မှီခိုစရာရှာဖွေနေကြသည်။

ဘဒ္ဒစုသီကမူ အားလုံးကို အပြုံးနှင့် ပြန်လည်တုံ့ပြန်လိုက်သည်။ဟင်း..ဟင်း..သူသိတာပေါ့၊ဒါတွေအကုန်လုံးကအတုအယောင်တွေဆိုတာ၊သူနိမ့်ကျစဉ်တုန်းကတော့ ခွေးတစ်ကောင်လို ဖိနှိပ်ခဲ့ထားကြတာ၊အခုကျမှ မမေနဲ့နော်တဲ့၊ ဟားဟား.....

ဘဒ္ဒစုသီရဲ့ဘ၀မှာ ကိုယ့်ကိုလာပြီး ကျောခဲ့တဲ့သူ, ဘယ်သူ့ကိုမှမေ့သွားတာမျိုးမရှိဘူး၊ဟို တစ်ယောက်ကိုရှင်းပြီးတာနဲ့ ညည်းတို့သားရဲထိန်းကျောင်းတစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်မယ်!

အနောက်နန်းဆောင်မှ အနောက်ဆောင်၀န်ကြွလာသဖြင့် သင်တန်းကျောင်းမှနန်းတွင်းသူများသည်အပြင်သို့ထွက်ကာ အနောက်ဆောင်၀န်အားဂါရ၀ပြုလိုက်ကြသည်။

"တော်၀င်ကိုယ်လုပ်တော် ဘဒ္ဒစုသီ နာခံစေ။"

ဘဒ္ဒစုသီသည်မူလမတ်တပ်ရပ်နေရာမှ ကြမ်းပြင်တွင် ၀ပ်တွားလိုက်ပြီး အမိန့်ကိုစောင့်ဆိုင်းလျက်ရှိသည်။

"သင်သည် အရှင်ဧကရာဇ်ရဲ့ တော်၀င်သွေးသားကိုလွယ်ထားရပြီး တော်၀င်သားရဲထိန်းကျောင်းမှာလည်း အပြုအမူကောင်းတွေရှိခဲ့တဲ့အတွက် သင့်ကို
*မုရာဘွဲ့ခံ တော်၀င်ကိုယ်လုပ်တော်အဖြစ်အဆင့်တိုးမြှင့်လိုက်သည်.."

ဘဒ္ဒစုသီသည် မျက်လုံးပြူးသွားလေသည်။

*မုရာဘွဲ့ခံတော်၀င်ကိုယ်လုပ်တော်!

ဒါပဲလား၊ငါက အရှင့်ရဲ့ သွေးသားကိုလွယ်ထားတာလေ၊မဖြစ်နိုင်လိုက်တာ။မူလရာထူးကိုပြန်မအပ်နှင်းရင်တောင် မိဖုရားရာထူးတော့ပေးအပ်ရမှာလေ..

"ယနေ့မှစ၍ တော်၀င် အနောက်နန်းဆောင်၏ လာဘ နန်းဆောင်တွင် စံမြန်းစေ။"

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now