EPISODE (71)

7.9K 894 42
                                    

Unicode
ကိစ္စတွေအများကြီးဖြစ်သွားတယ်

ဆယ်စုနှစ်နှစ်ခုကိုကျော်လွန်သော်မဟာအဏီရာနန်းတော်၏အခြေအနေအခင်းအကျင်းသည်ပိုမို၍မြိုင်ဆိုင်လာပြီး ဖူးသစ်စပန်းငယ်တို့ကအပြိုင်အဆိုင်ဝံ့ကြွားနေပြီဖြစ်သည်။

"ခမည်းတော်....ခမည်းတော် ! မွေးအဖေ...မွေးအဖေ...သားတော် မခွဲနိုင်ဘူးနော်။သားတော်ကို ပြန်ခေါ်ပါ။သားတော်ကို အခုပြန်ခေါ်ပါ!"

"သားတော် သားတော်...ဘယ်မှာလဲ ဒီအဖေကလာခေါ်မှာမလို့ သားတော်ရဲ့နေရာကိုပြောပြပါ။သားတော်ရေ....သားတော်!!!"

"သားတော်...ငါ့ရဲ့သားတော်လေး"

"ဟန်တျာ? ဟန်ဟန်..."

ဧကရာဇ် အိပ်ပျော်နေရင်း အိပ်မက်ဆိုးမက်နေပြန်သော ဇနီးလေးအား နှိုးလိုက်သည်။ချွေးစေးများ ထွက်နေသော မျက်နှာလေးကနီရဲနေပြီး လှပ သောမျက်၀န်းတို့က မျက်ရည်ကြည်များရစ်ဝိုင်းလျက်။

ဒီရက်ပိုင်းအတွင်း ဇနီးလေး၏အိပ်မက်ဆိုးကပို၍ဆိုးလာကာ အိပ်မရသော ညများကဆက်လာသည်။များသောအားဖြင့်ကွယ်လွန်သွားသော သားတော်ကို မြင်မက်နေတာဖြစ်ပြီး ဧကရာဇ်အနေနှင့်လည်း ဤကဲ့သို့ ဖြစ်နေသော အခြေအနေကြီးကိုဖြေရှင်းမရသဖြင့် ကြိတ်မနိုင်ခဲမရဖြစ်မိသည်။

သိသမျှသောဆေးဆရာများအပြင် ဟန်ဟန်၏အကိုတော်များကိုပါ မေးမြန်းသော်လည်း တိကျသောအဖြေကထွက်မလာသဖြင့် အခက်တွေ့ရသည်။ဒီနှစ်များအတွင်း ဟန်တျာက ကလေးသုံးယောက်၏ဖခင်နှင့်မတူညီစွာ ပိုမို၍ပင် လှသွေးကြွယ်လာပြီး စိတ်ပိုင်းဆိုင်ရာအရလည်း နူးညံ့လာသည်ဟုထင်ရသည်။ကြည့်ရတာ ဧကရာဇ်၏ထင်မြင်ချက်အချို့ မှားယွင်းနေပုံရပြီး ကြုံတွေ့ခဲ့ရသောအခြေအနေများကြောင့် ဇနီးလေးစိတ်ထိခိုက်ရတာများနေခြင်းများဖြစ်လေမလားဟု စိုးရိမ်မိသည်။

"သားတော်ကိုစိတ်စွဲနေပြန်ပြီလား ဟန်ဟန်"

ရင်ခွင်ထဲဆွဲသွင်းကာမေးလိုက်တော့ ဟန်တျာကအလိုက်တသင့်ပင်ဖက်လာပြီးခေါင်းညိတ်ပြလာသည်။ဝေ့တက်လာသော မျက်ရည်ကြည်တို့က ဧကရာဇ်၏ လက်သီးဆုပ်တို့ကိုပိုမို၍တင်းကြပ်စေကာ သားတော်ကိုမကာကွယ်နိုင်ခဲ့သော မိမိကိုယ်ကိုပို၍အပြစ်တင်စေမိသည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now