Unicode
စခန်းချတဲလေးထဲ၀ယ်နှစ်ယောက်အတူ..."ဘာဖြစ်တာလဲ..."
ဧကရာဇ်သည် စစ်ဆေးပေးနေသော သမားတော်ကြီးအားမေးလိုက်သည်။ယခုအခါ ၎င်းတို့အားလုံး သက္ကအန္တလာစစ်တပ်ကြီးစခန်းချရာ တောအုပ်အတွင်းသို့ရောက်ရှိနေပြီဖြစ်ပြီး မိစ္ဆာများကြီးစိုးရာ အမှောင်လောကအား သေချာစီမံစေရန် ဘုံကြီးကြပ်သူကိုခန့်အပ်စေခဲ့ပြီးဖြစ်သည်။
သန်မာသည့်ခေါင်းဆောင်များ နှင့် လူသတ်စက်ကြီးရှိသော ဤတိုင်းပြည်ကိုလည်း ကြောက်ရွံ့သွားပြီဖြစ်သဖြင့် အရာအားလုံးမျိုးမပြုတ်မီ အမှောင်လောကြီးတစ်ခုလုံးသည် ၎င်းတို့စီမံသမျှကိုလက်ခံကာအရှုံးပေးလိုက်ကြသည်။
"စိတ်စွမ်းအင်များစွာအသုံးပြုလိုက်ရတဲ့အတွက် သတိလစ်သွားတာပါဘုရား။ချက်ချင်းအားပြည့်စေမယ့်နည်းလမ်းတော့ရှိပါတယ်ဘုရား။ဒါပေမယ့်...."
"ဂွပ်"
ဧကရာဇ်လက်ကသမားတော်ကြီး၏ဦးခေါင်းပြောင်ပြောင်ပေါ်သို့တည့်တည့်မတ်မတ်ရောက်ရှိသွားပြီး ချောင်းတစ်ချက်ဟန့်ကာ သမားတော်ကြီးကိုမေးငေါ့ကာနှင်ထုတ်လိုက်သည်။
"ကိုယ်တော်သဘောပေါက်ပြီ။သွားတော့..."
သမားတော်ကြီးယောင်လည်လည်နှင့် အခေါက်ခံလိုက်ရသော ခေါင်းလေးအားပွတ်ကာ အရှင်နှစ်ပါး ၏တဲအတွင်းမှထွက်ခွာသွားလိုက်သည်။
"သမားတော်ကြီး အရှင်ဧကရီဘာဖြစ်တာလဲ"
တဲအိမ်အတွင်းမှ ထွက်လာသော သမားတော်ကြီး အနားသို့ စစ်သူကြီးများနှင့်ဗိုလ်ချုပ်များကဝိုင်းအုံလာသည်။
"ဘာမှမဖြစ်ဘူး။စိတ်စွမ်းအားသုံးတာများသွားလို့သတိလစ်သွားတာ။မကြာခင်သတိရလာလိမ့်မယ်"
သမားတော်ကြီးသည် အခေါက်ခံလိုက်ရ၍နီနေသောခေါင်းလေးအားလက်ဖြင့်ကာ,ကာ လူအုပ်ထဲမှတိုးဝှေ့ကာ ထွက်လိုက်သည်။
တကတည်း အဲ့ဒီ မိုးနတ်မင်းလိုအစွမ်းထက်တဲ့ ဧကရီကဘာဖြစ်မှာမလို့လဲ။ငါအခေါက်ခံလိုက်ရတာပဲအဖတ်တင်တယ်......။
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023