Unicode
အချစ်ပြိုင်ဘက်ဟန်တျာသည် တစ်နေကုန် ပထမမင်းသားလေးကိုထိန်းလိုက်၊အနောက်ဆောင်ကိစ္စများကိုစီမံလိုက်နှင့်အလုပ်ရှုပ်နေခဲ့သည်။
နေ့လည်စာစားရာတွင်လည်း ယခင်ကထက်အချိန်ပိုယူကာ မင်းသားလေးအားကျွေးလိုက်၊မိမိစားလိုက်ဖြင့် ပျော်ရွှင်စွာစနောက်ရင်းအချိန်ကုန်သွားတော့သည်။
ဤသို့ဖြင့် ညနေစောင်းသောအခါ "ဧကရာဇ်ကြွလာပါပြီဘုရား။"ဟူသောအသံကနန်းဆောင်၏ အ၀င်၀မှထွက်ပေါ်လာရာ ဟန်တျာသည် ထိုင်ရာမှထ၍ ဧကရာဇ်ကိုစောင့်မျှော်လိုက်သည်။
ဧကရာဇ်သည် ဟန်တျာ့ကိုမြင်သောအခါ ပြုံးလိုက်ပြီး စကားပြောမည်အပြုတွင် ဧကရီ၏အနောက်မှ အရာလေးအားသတိထားမိသွားသည်။
"ဇနီးလေး မင်းက ကိုယ်တော်ခွင့်ပြုတာကိုတောင်မစောင့်နိုင်တော့ဘူးပေါ့လေ ဟမ်။"
ဧကရာဇ်ကမျက်နှာကိုအနည်းငယ်တည်ကာ မင်းသားလေးကိုမေးငေါ့ပြလိုက်သည်။ ထိုအခါဟန်တျာက ပြုံးလိုက်ပြီး
"အကြောင်းစုံကိုသိရဲ့သားနဲ့ ကျွန်တော်မျိုးကိုစနောက်မနေပါနဲ့ဘုရား၊ဒီကလေးလေးက အရှင့်ရဲ့သွေးသားရင်းပါနော်၊ကျွန်တော်မျိုးက အရှင့်ကိုမေတ္တာတွေမပေးခင် အရှင့်ရဲ့သွေးသားကိုမေတ္တာတွေနဲ့ပြုစုချင်သေးလို့ပါနော်။"ဟုပြောလိုက်သည်။
"ဟာ..ဒီလိုဆိုဘယ်ဖြစ်မလဲ၊ကိုယ်တော့်အတွက် ချစ်ခြင်းမေတ္တာတွေ မကျန်တော့ရင်တော့ သွားပါပြီကွာ။"
"ချစ်ခြင်းမေတ္တာဆိုတဲ့အရာက ကုန်ခမ်းနိုင်တာဘယ်ဖြစ်နိုင်ပါ့မလဲ အရှင်ရဲ့။"
"ဒါဆိုကိုယ်တော့်ကို မကုန်ခမ်းနိုင်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့လွှမ်းခြုံပေးနိုင်မလား။"
"ဒါကတော့ အရှင့်အပေါ်မူတည်မှာပေါ့။"
ဟန်တျာက နှုတ်ခမ်းတစ်စုံကိုအပေါ်သို့ကော့ညွတ်ရုံသာပြုံးပြီး မိမိ၏နောက်ကွယ်တွင် ပုန်းလျှိုးကွယ်လျိုးလုပ်နေသော မင်းသားလေးအားကောက်ကာ ပွေ့ချီလိုက်သည်။
"ကဲ သဲလေး၊ဒါကမင်းလေးရဲ့ ခမည်းတော်လေကွာ၊ကြောက်စရာမဟုတ်ဘူးလေနော်၊ ခမည်းတော်က ဟိုးအရင်နှစ်တွေမှာ အရမ်းအလုပ်ရှုပ်လွန်းလို့ သားတော်ကိုလာမကြည့်နိုင်တာနော်၊တစ်ကယ်က သားတော်ကိုအရမ်းချစ်တာကွ။"
YOU ARE READING
အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း
Historical FictionWhat's going on with the Savage Male Empress Hantra! MAHARVERSE SEASON 1|| START DATE- September 8 2022 END DATE - June 23 2023