EPISODE (46)

8.2K 1.1K 54
                                    

¶¶ I wish you Merry Christmas 🎄☃️¶¶
***************
Unicode
အရှင်နှစ်ပါးပြန်ကြွလာပြီ။

ရွှေနန်းတော်အတွင်းကျူးကျော်မှုများကိုအောင်မြင်စွာချေမှုန်းနိုင်ခဲ့ပြီးသည့်နောက် ဖမ်းဆီးရရှိသည့် သုံ့ပန်းများအား ဖမ်းဆီးလိုက်ကြပြီး ကျန်သူများက မူလအတိုင်း ဧကရာဇ်နန်းဆောင်အား ကင်းလှည့်ကာစောင့်ရှောက်စေသည်။

ထိုအချိန်တွင်.........

ဧကရာဇ်၏အိပ်ဆောင်တံခါးပွင့်သွားပြီးနောက် အတွင်းမှ မူလက၀င်သွားခဲ့သော ဧကရီအရှင်အပြင် ဧကရာဇ်အရှင်ပါထွက်လာသဖြင့် အစောင့်ရဲမက်များအပါအ၀င် စစ်သူကြီးများနှင့် မယ်အိတို့အုပ်စုပါအံ့အားသင့်သွားတော့သည်။

"အရှင်မြတ်ဘုရား"

ရဲမက်များနှင့်စစ်သူကြီးများအားလုံးသည် ချက်ချင်းပင် မြေပြင်ပေါ်၌ဒူးထောက်ကာ အရိုအသေပြုကြသည်။ကျန်နန်းတွင်းသူများကမူကြမ်းပြင်၌၀ပ်တွားကာရှိခိုးကြပြီး အရှင်နှစ်ပါးအားလွမ်းဆွတ်စိတ်ဖြင့်မျက်ရည်များကျလာတော့သည်။သူမတို့အားလုံးသည် လွန်စွာဆိုးရွားလှသည့်လုပ်ကြံသတ်ဖြတ်မှုကြီးကိုကြုံတွေ့ခဲ့ရပြီး အားကိုးရာ အရှင်နှစ်ပါးသည်လည်းမရှိသဖြင့် လွန်စွာထိတ်လန့်ခဲ့ရသည်။

"အားလုံးမော်ဖူးစေ။သင်တို့ရဲ့ရဲစွမ်းသတ္တိနဲ့ သစ္စာစောင့်သိမှုကို ငါကိုယ်တော်သိရှိပြီးဖြစ်တဲ့အတွက် သင်တို့အားလုံးကို ဆုတော်လာဘ်တော်များချီးမြှင့်စေမယ်"

ဧကရာဇ်သည် အနည်းငယ်ပြုံးကာပြောလိုက်ပြီးနောက်...

"လက်ယာရံစစ်သူကြီး။သင်က ဗိုလ်ချုပ်မဟာမြတ်ကိုဆင့်ခေါ်ပြီး ငါကိုယ်တော်ရဲ့အမိန့်တော်ကိုကြေငြာစေ။ချက်ချင်းပင် အရေးပေါ်ညီလာခံကျင်းမယ်"

"ကောင်းပါပြီအရှင်"

ထို့နောက် ဧကရာဇ်သည် တစ်လျှောက်လုံးတိတ်ဆိတ်စွာ ရပ်နေသော ဧကရီအရှင်အား ပွေ့ချီကာ ရွှေနန်းတော်ညီလာခံဘက်သို့ ဦးတည်ကာသွားတော့သည်။

"အရှင်!"

ဟန်တျာသည် အတွေးများထဲတွင်နစ်မွန်းနေသဖြင့်မည်သည်ကိုမှဂရုမပြုမိဘဲ မှိုင်နေသဖြင့် ဧကရာဇ်,မိမိအားပွေ့ချီမှသာ သတိထားမိကာ အော်မိတော့သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now