EPISODE (4)

16.9K 1.4K 17
                                    

Unicode
ငါ့ခင်ပွန်းလောင်းက အသက်ကြီးရုံတင်မဟုတ်ဘူး၊ဒေါသကလည်း ကြီးသေးတယ် !

ဥယျာဉ်သခင်ဧကရီ အဆင့်သည် စိတ်စွမ်းအားအဆင့်(၁၀)အထိပင်ရှိနိုင်သည်။ထို့အပြင် အလွန်ရှားပါးပြီး မြင့်မြတ်လှသည်ဟု တစ်လောကလုံးကယူဆထားကြသည်။ဥယျာဉ်သခင်နတ်သူငယ်သည်ကောင်းကင်ဘုံရှိ နတ်ဥယျာဉ်အတွင်းတွင် ရှိ‌သော သလင်းဗိမ္မာန်၌သာ အမြဲစံမြန်းလေ့ရှိပြီး ၎င်းသည်ကမ္ဘာတစ်ခုတွင် ငါးပါးသာပေါ်ထွန်းတတ်၏။ထို့အပြင် ပေါ်ထွန်းရာအချိန်သည်လည်း တစ်ပါးနှင့်တစ်ပါးမတူညီကြချေ။

ဥယျာဉ်သခင်တို့သည် နတ်ဒေဝါများလောက် စိတ်စွမ်းအား မမြင့်ကြသော်လည်း မွေးရာပါ,ပါရမီစွမ်းအားကြောင့် ကမ္ဘာပေါ်ရှိ သတ္တဝါတိုင်း ထက်မူသာလွန်ကြလေသည်။ယခုကမ္ဘာတွင် ဥယျာဉ်သခင်နတ်သူငယ်သုံးပါး ပေါ်ထွက်ပြီးဖြစ်ရာ လူတိုင်းသည် ဤယာ၀သခင်လေး မည်သည့်နတ်သူငယ်သခင်၀င်စားသနည်းကို အတွေးကြပ်နေကြ၏။

ကောင်းကင်ဘုံတွင် လက်ရှိဥယျာဉ်သခင်နတ်သူငယ်သုံးပါးတွင် အကြီးဆုံးဖြစ်သော မဟာအလင်္ကာမှာ စိတ်စွမ်းအား အဆင့်မြင့်ဆုံးဖြစ်ပြီး နတ်သူငယ်အဆင့်ကိုပင် ကျော်ဖြတ်တော့မည်ဟု သတင်းထွက်နေပြီဖြစ်သည်။ဒုတိယဥယျာဥ်သခင်လေးမှာ မူ ကောင်းကင်ဘုံ၏ နတ်သူငယ်နယ်မြေသို့ အမှောင်လောကသခင်၏တပ်များ ကျူးကျော်တိုက်ခိုက်မှုကိုခုခံရင်း ဒဏ်ရာရသွားကာ အမှောင်သခင်၏ သိမ်းပိုက်မှုကိုခံခဲ့ရသည်။အချို့သော အမှောင်လောကရောက် သူသျှိုများ၏ ပြောပြချက်များမှာမူ အမှောင်လောကတွင် ဒုတိယဥယျာဉ်သခင်လေး၏ မူလအလင်္ကာ ဟူသောအမည်ပျောက်ကာ အနောက်ဆောင်သခင်ကြီးဟူ၍ဖြစ်ပြန်သည်။မည်သို့ပင်ဆိုစေကာမူ ပထမဥယျာဥ်သခင်လေးသည် ညီငယ်ကိုပြန်လည်ရရှိစေရန် တစေကြိုးစားလျက်ရှိသည်။ထိုအထဲတွင် အငယ်ဆုံးဖြစ်သူမှာ ဥယျာဉ်ပိုင်သခင်မဖြစ်သည်။နတ်သူငယ်သမိုင်း ကြောင်းတွင်ရှားပါးသော နတ်သူငယ်ဥယျာ၌သခင်မဖြစ်ပြီး သူမ၏အလှတရားကြောင့် နတ်ဒေဝါလောကမှ နတ်ဒေဝါများက အပြိုင်အဆိုင်လာရောက်ပိုးပမ်းကြသည်။ထို့ကြောင့်သူမ၏မူလအမည် စူဠအလင်္ကာဒေဝီ ကိုမည်သူမျှမခေါ်ကြဘဲ ရူပါဒေဝီသခင်မ ဟူ၍ခေါ်လေ့ရှိသည်။
ရူပါဒေဝီသည် ကျန်နတ်သူငယ်များနှင့်မတူဘဲ သီးခြားဆန်စွာ နေတတ်သည်။သူမထံလာရောက်သော အမျိုးကောင်းသားနတ်‌ဒေ၀ါများကို ယဉ်ယဉ်ကျေးကျေးပင် လှည့်မကြည့်ဘဲငြင်းလွှတ်လေ့ရှိသည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now