EPISODE (15)

12.1K 1.1K 8
                                    

Unicode
ကလေးကိုတစ်ခါတည်းခေါ်ခဲ့ပြီ

နောက်တစ်နေ့မနက် နိုးသောအခါ ဟန်တျာသည်ဧကရာဇ်ထက်အရင်နိုး၍ အိပ်ယာမှထရန်ကြံလိုက်သောလည်း သန်မာသည့်လက်တစ်စုံကမိမိအား လှုပ်ရှားရန်ခွင့်မပြုဘဲ မြဲမြံစွာပွေ့ဖက်ထားလေသည်။ထိုအခါဟန်တျာကပြုံးလိုက်ကာ အိပ်နေသောသူအားကြည့်ပြီးဧကရာဇ်၏နားရွက်နားသို့ကပ်ကာ

"အချိန်လင့်နေပြီဘုရား၊ကျိန်းစက်ပြီးအနားယူတာက တော်လောက်ပြီထင်တယ်နော်။"

ထိုအခါ ဧကရာဇ်သည် ဟန်တျာ၏ခေါင်းကို ဆွဲချကာနမ်းလိုက်ပြီး မျက်လုံးဖွင့်ကာ "ထပါပြီကွာ"ဟုပြောကာ ဟန်တျာအားအလွှတ်ပေးလိုက်သည်။

ဟန်တျာသည်ဧကရာဇ်အား ကိုယ်လက်သန့်စင်ခြင်း၌ နန်းတွင်းသူများကိုမကူညီစေဘဲ သူကိုယ်တိုင်သာလုပ်ဆောင်ပေးလိုက်သည်။ထို့နောက် ၀တ်လဲတော်ကို ကိုယ်တိုင်လဲ၀တ်ပေးပြီးနောက် မိမိ၏ ချောမောကာ အာဏာရှိသည့်ခင်ပွန်းကိုတ၀ကြီး ကြည့်လိုက်သည်။

ဇနီးလေး၏ မနက်ခင်းတွင်ကြည်လင်လှသည့်မျက်နှာလေးသည် ပကတိအေးချမ်းလှပြီးထိုသမင်မျက်လုံးလေးများက ရွှန်းရွှန်းစားစားနှင် မိမိအားကြည့်နေသည်မှာ ဆွဲနမ်းရှုံ့ချင်စရာပင်ကောင်းလှသည်။

"ကဲ ကိုယ်တော့်ကိုကြည့်လို၀ပြီလား၊ဇနီးလေး မင်းပြောတော့ မေတ္တာကစစ်မစစ်မသိရသေးဘူးဆို။"

ထိုအခါ ဟန်တျာကရှက်သွားပြီး

"အရှင့်ရဲ့ မနက်ခင်းညီလာခံနောက်ကျနေပါဦးမယ်ဘုရား၊ညီလာခံကို ကြွတော်မူပါဘုရား။"ဟုဆိုကာ ဧကရာဇ်၏ခန္ဓာကိုယ်ကြီးအားတွန်းလွှတ်တော့သည်။

ထိုအခါ ဧကရာဇ်က တစ်ဟားဟားဖြင့်ရီကာ ထွက်ခွာသွားတော့သည်။

ထို့နောက် ဟန်တျာသည်လည်း ကိုယ်လက်သန့်ရှင်းစင်ကြယ်ပြီးသည့်နောက် ဧကရာဇ်၏ နန်းဆောင်မှ မိမိ၏ နန်းဆောင်သို့ပြန်ရန်ပြင်ဆင်လိုက်၏။

ဟန်တျာသည် ဝေါယာဉ်ပေါ်တွင်ထိုင်ကာစိတ် ကြည်လင်နေသောအသွင်ရှိသည်။သို့ရာတွင် တိတ်ဆိတ်မှုကိုလိုလားသောဟန်တျာ၏ အကြောင်းကိုသိသော အထိန်းတော်များ၏စီမံမှုကြောင့် ဟန်တျာ၏ဝေါယာဉ်တန်းသည် တိတ်ဆိတ်စွာဖြင့် အနောက်နန်းဆောင်သို့တရွေ့ရွေ့ဖြင့်သွားနေသည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now