EPISODE (23)

11.2K 995 33
                                    

{Special episode for Thadingyut}

Unicode
အတိတ်တစ်ချိန်

"ရှူး...!"

"ဒိုင်း!."

"ဖောင်း!.."

ကောင်းကင်တွင် မီးရှူးမီးပန်းများက နေရာအနှံ့ပြန့်ကျဲကာ တလက်လက်ဖြစ်လျက်ရှိသည်။ငွေရောင် စန္ဒာလမင်းကြီးကလည်း တောင်တန်းကြီးဆီမှ စေတီတစ်ဆူအား သူ၏အလင်းများဖြင့်ဖြန့်ကျက်ကာ ပူဇော်နေသယောင်ပင်။

"ရွှေဆန္ဒီသီတင်းကျွတ်ဘုရားပွဲတော်"

ရွှေဆန္ဒီဘုရားသည် သက္ကအန္တလာပြည်၏ကျက်သရေဆောင်၊ဗုဒ္ဓဘာသာ၀င်တို့၏
အထွဋ်အမြတ် စေဆီတစ်ဆူဖြစ်ခဲ့သည်။

သက္ကအန္တလာပြည်တွင် ဘာသာပေါင်းစုံကိုအားပေးကာ လွတ်လပ်ခွင့်ပေးထားပြီး အဏီရာလူမျိုးများအပြင်အခြားသောလူမျိုးများလည်းနေထိုင်ကြသည်။ထို့ကြောင့် သက္ကအန္တလာပြည်တွင်ဘာသာ‌ရေးပွဲလမ်းသဘင်များပေါများလှပြီး ‌သီတင်းကျွတ်ကာလ၏ ရွှေဆန္ဒီဘုရားပွဲတော်မှာ အထင်ရှားဆုံးဖြစ်သည်။

ရွှေဆန္ဒီဘုရားသည်သက္ကအန္တလာပြည်၏သူရာတောင်တန်း ဗဟိုချက်မနေရာတွင်တည်ထားသောစေတီဖြစ်ပြီး ပထမ မဟာအဏီရာမင်းကြီးကတည်ထားခဲ့သည်ဟု ဆိုကြသည်။ထို့အပြင် ရွှေဆန္ဒီဘုရားသည် သက္ကအန္တလာပြည်၏မြို့တော်နှင့်အနည်းငယ်အလှမ်းဝေးကာ တောင်တက်လမ်းမှာလည်းအတန်ငယ်မက်စောက်သည်။သို့ရာတွင် ထိုတောင်တက်လမ်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာ၀င်များနှင့် ဘုရားပွဲအားပါ၀င်ဆင်နွှဲလိုသူများသည်မီးတုတ်များဖြင့် အင်အားအပြည့် တောင်ထိပ်ဘုရားဆီသို့ဦးတည်ကာချီတက်နေကြသည်မှာ အပေါ်စီးမှကြည့်ပါကစီးဆင်းနေသောအနီရောင် မြစ်ကြီးပမာပင်။

"ဒီက မောင်ကြီးက ရွှေဆန္ဒီဘုရားပွဲတော်မှာလိုရာကိုဆုတောင်းမှာလား၊ဘုရားကိုအလုပ်အကျွေးပြုမှာလား။"

လမ်းလျှောက်နေသော မိန်းမငယ်လေးက သူ၏ဘေးမှ အမျိုးသားအားမေးလိုက်သည်။သူမအနေဖြင့် ဤကဲ့သို့ ညမှုညတာသွားသည့်ခရီးတွင် အဖော်အပေါင်းမပါဘဲလာရသဖြင့်ထိုအမျိုးသားအားကြည့်ကာမိတ်ဖွဲ့ရန်ကြိုးစားကြည့်ခြင်းဖြစ်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now