EPISODE (3)

17.6K 1.6K 20
                                    


Unicode
အနှောက်အယှက်နဲ့ အကူအညီက တစ်ပြိုင်နက်တည်းရောက်လာတယ်။

ဟမ်....ငါက ဧကရီ ဖြစ်သွားတာတဲ့လား။

အရင်ခေတ်အဆက်ဆက် ယာ၀အိမ်‌တော်က အမြင့်ဆုံးမှ တော်၀င်ဒုတိယမိဖုရားနေရာပဲ ရခဲ့ကြတာပါ။

ဟန်တျာအနေနှင့် အတွေးများရသလို ပျော်ရွှင်မိပြန်သည်။သူ့ကို အသက်သေဆုံးသည်အထိ လုပ်ကြံခဲ့သူကို ဖိနှိပ်နိုင်တော့မည် မဟုတ်လား။အစဉ်အလာအရ ဧကရီအဖြစ် ရွေးချယ်ခံရသူသည် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ နတ်ဒေ၀တာများ၏ ကောင်းချီးပေးခံရသူဟု ယူဆကြသည်။

ထို့ကြောင့် ဧကရီအဖြစ်ရွေးချယ်ခံရသည်နှင့်တစ်ပြိုင်နက် မဟာအဏီရာမင်းကြီးနှင့် လက်မဆတ်ခင်ကာလတွင် မည်သည့်သူနှင့်မျှတွေ့ခွင့်မရတော့ချေ။ ခန်းမတွင်းရှိအခြားသူများက မိမိအားအရိုအသေပေးနေစဉ်တွင် အနီရောင်၀တ် အမျိုးသားအထိန်းတော်များက ၀င်လာပြီးမိမိအား ဝိုင်းရံထားတော့သည်။ထို့နောက် အသက်ကြီးကြီးအထိန်းတော်မှ အနားကပ်၍ လျှောက်ထားသည်။

"ဧကရီအရှင်ဘုရား ကျွန်တော်မျိုးတို့ရဲ့အစဉ်အလာအရ မင်္ဂလာအကြိုအတွင်းဆောင်သို့ ကြွမြန်းသင့်ပါပြီ"

ဟန်တျာလည်း နန်းတော်သို့မ၀င်မှီကပင် ဤအ အကြောင်းအရာများကိုသိရှိပြီးဖြစ်သဖြင့်ခေါင်းငြိမ့်လိုက်လေသည်။

"အသင်တို့လမ်းပြပါလေ။"

ထိုစဉ်၀ပ်တွားနေသောသူများမှာ မထရသေးသဖြင့် ဟန်တျာကပင် "သင်တို့မတ်တပ်ရပ်နိုင်ပါပြီ"ဟုမိန့်လိုက်ရလေသည်။

သို့သော်ရုတ်တရက် ထိုလူအပေါင်းတို့မှာ ကျေးဇူးကြီးမြတ်ကြောင်းပင် မလျှောက်တင်လိုက်ရဘဲ ၀ပ်တွားမြဲ ၀ပ်တွားကာ နောက်တစ်ကြိမ် အရိုအသေပေးလိုက်ရလေသည်။

အကြောင်းအရင်းမှာ မဟာအဏီရာမယ်တော်ကြီးကြွမြန်းလာသောကြောင့်ပင်။

"ဧကရီမယ်တော်ကြီးကြွမြန်းလာပါတယ်။"ဟူသော မိဖုရားအထိန်းတော်ကြီး၏အသံအောက်တွင် ဟန်တျာနှင့်တကွ ခန်းမဆောင်အတွင်းရှိလူအားလုံးမှာ ဒူးတုပ်ကာ အရိုအသေပေးလိုက်ရလေသည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now