EPISODE (45)

8.8K 827 34
                                    

Unicode
အကုန်‌သေရမယ်

"ဒါပေမယ့် ဘာဖြစ်သလဲ အမတော်"

ဟန်တျာ စိုးထိတ်စွာဖြင့်နာကျင်မှု ကြားမှ အံကိုကြိတ်ကာမေးလိုက်သည်။ဤကလေးများအားလုံးသည်ဟန်တျာ၏ ဧကရီအဖြစ်လျှောက်လှမ်းရာလမ်းအတွက် အားအင်ဖြစ်စေခဲ့သည်။ဤကလေးများမွေးဖွားလာခဲ့ပါက မည်သို့မည်ပုံ ပြုစုပျိုးထောင်မည်ကအစ ဟန်တျာ၏ရင်တွင်း၌စီမံခဲ့ပြီဖြစ်သဖြင့် ယခု ကဲ့သို့ အဖြစ်အပျက်ကြီးကြုံတွေ့ရသောအခါ ဟန်တျာအဖို့ ကြီးမားစွာတုန်လှုပ်နေရခြင်းဖြစ်သည်။

"သန္ဓေသားတစ်ယောက်ကတော့ ထိခိုက်မှုပြင်းထန်တယ်မောင်တော်။ ရှင်သန်နိုင်ဖို့ အခွင့်အလမ်း နည်းတယ်။ကြည့်ရတာ နိမ့်ကျတဲ့အောက်လမ်းနည်းနဲ့အတိုက်ခိုက်ခံရတာဖြစ်နိုင်တယ်"

ဟန်တျာ၏မျက်၀န်းအိမ်များမှ မျက်ရည်များက သိသာစွာ ကျဆင်းလာပြီး လက်သီးကိုတင်းတင်းဆုပ်မိတော့သည်။ဒါတွေကဘယ်လိုလုပ်ဖြစ်လာရတာလဲ။

ငါမျှော်လင့်ထားတာ ဒီလိုမဟုတ်ဘူးလေ။ငါ့ရဲ့သားတော်တွေ...သူတို့တွေက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရမှာလေ။

ဆက္ကနန္ဒသည် ဟန်တျာအား ရင်ခွင်ထဲထည့်၍ပွေ့ဖက်ကာ နှစ်သိမ့်လိုက်သည်။ဆက္ကနန္ဒ၏အသွင်အပြင်မှာမူ ယခင်နှစ်လိုဖွယ် မျက်နှာလေးမရှိတော့ဘဲ ကြောက်မက်ဖွယ်ရာ ဒေါသအခိုးအငွေ့များဖြင့်ရစ်သိုင်းလျက်ရှိသည်။

ရာရာစစ ငါ့သားတော်တွေကို တိုက်ခိုက်ရဲတယ်။

ဆက္ကနန္ဒရဲ့ဧကရီနဲ့သားတော်တွေကိုထိပါးရဲတယ်ဆိုမှတော့ ပြန်ပေးဆပ်ရမယ့်အဖိုးအခကိုလည်း ကြိုတွက်ထားရမှာပေါ့။ မကြာပါဘူး။ခဏလေးအချိန်အတွင်းမှ ငါ့ရဲ့ မွေးဖွားခွင့်မရလိုက်တဲ့သားတော်ရဲ့ဝိညာဉ်ကို သူတို့ရဲ့ အသက်နဲ့လဲလှယ်ပြီး ငြိမ်ချမ်းစေမယ်!

"ငိုချလိုက်ပါ ကိုယ်တော့်ဧကရီ။ဒါဟာကိုယ်တော်တို့ကို ရန်စတာဖြစ်ပြီးတော့ ကျန်တဲ့သားတော်တွေကိုပါ အချိန်မရွေးဦးလှည့်လာနိုင်တယ်။ဒါပြီးရင် ကိုယ်တော်တို့ကိုရာရာစစ ရန်လာစရဲတဲ့သူတွေရဲ့ အသက်ဝိညာဉ်ကိုနှုတ်ယူပြီး ငရဲ ကိုလွှတ်ဖို့ လုပ်ဆောင်ရမယ်။ ဒါ ကြောင့်မင်းသန်မာနေမှရမယ် "

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now