EPISODE (26)

10.5K 980 41
                                    

Unicode
ဒဏ်ရာဘယ်ကရ?

ဟန်တျာသည် ပထမမင်းသားလေးအားချော့မြှူရင်းမှ ကလေးလေး၏လည်ပင်းနားသို့ အကြည့်များကရောက်သွားသောအခါ လည်ပင်းကြောများကတင်းခနဲ့ဖြစ်ပြီးအံကြိတ်မိသွားသည်။

ကလေးရဲ့ လည်ပင်းမှာဒဏ်ရာနဲ့.....။

**********
လုပ်ကြံမှုမဖြစ်ပွားမီအချိန်တွင်ဖြစ်သည်။

ဟန်တျာ၏ နတ်ပုလဲသွယ်ရတနာ လက်ထဲတွင်ရောက်ရှိသည့်အချိန်တွင် ရုတ်တရက်အသံတစ်ခုအားကြားလိုက်ရသည်။

"သခင် အခြေအနေမကောင်းတော့ဘူး၊မင်းသားငယ်ကိုလုပ်ကြံဖို့ စိတ်စွမ်းအားမြင့်တိုက်ခိုက်ရေးသမားတွေခိုး၀င်လာတယ်၊ကျွန်တော်တစ်ယောက်တည်းနဲ့ဆိုရင်အဆင်မပြေနိုင်ဘူး!"

ဂိမာနက ဟန်တျာအားလျို့ဝှက်သောအသံစနစ်ဖြင့်ပေးပို့ခြင်းဖြစ်သည်။ဂိမာနသည်ဟန်တျာကိုအလုပ်အကျွေးပြုရန်ဆုံးဖြတ်ထားကတည်းကပင် ဟန်တျာနှင့်အချိတ်အဆက်လုပ်ထားလိုက်ရသောကြောင့်ယခု ဤကဲ့သို့အကူအညီတောင်းနိုင်ခြင်းဖြစ်သည်။

ဟန်တျာသည် ဂိမာန၏အသံကိုကြားသည်နှင့်ဒေါသထောင်းခနဲထွက်မိကာ အထိန်းတော်ကြီး ဦးမာဂအား‌လက်အမူအရာတစ်ခုအားတိတ်တဆိတ်ပြလိုက်သည်။

အထိန်းတော်ကြီးသည်ဟန်တျာ၏လက်အမူအရာကိုမြင်သည်နှင့် ခန်းမ‌ဆောင်အတွင်းမှ တိတ်တဆိတ်ထွက်ခွာသွားတော့သည်။

အဟင်း...ပြသနာရှာလို့မ၀တဲ့အပြင်၊ငါ့ရဲ့သားတော်ကို ရာရာစစလာပြီးထိပါးရဲမှတော့အသက်နဲ့ပဲပေးဆပ်လိုက်တော့....
**********
"ဝှီး"

ရုတ်တရက် ကုတင်ပေါ်တွင်ကစားနေသောမင်းသားလေး၏ဘေးနားမှဖြတ်ကာကုတင်‌ပေါ် သို့ ဓားငယ်တစ်လက်ကထိုးစိုက်လာသည်။ ထိုအခါဂိမာနသည်မျက်မှောက်ကြုံ့လိုက်ပြီးအခန်းနေရာအနှံ့သို့ခြုံကြည့်လိုက်သည်။

စိတ်စွမ်းအားမြင့်တိုက်ခိုက်သူအယောက်နှစ်ဆယ်!

ကြည့်ရတာ အရှင်သခင်က ဂိုဏ်းတစ်ခုခုကိုသွားပြီးထိပါးထားတဲ့ပုံဘဲ...

ဂိမာနသည် ဟန်တျာအားအမြန်ပင်သတင်းပို့ကာ မင်းသားလေးအားစိတ်စွမ်းအင်အကာအကွယ်ဖြင့်ပတ်ဝိုင်းလိုက်ပြီး သူကိုယ်တိုင်ကမူ ပါးစပ်မှဂါထာတစ်ပုဒ်အားရွတ်ဆိုလိုက်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now