EPISODE (67)

6.3K 763 37
                                    

Unicode
အနောက်နန်းဆောင်များ၏အရှင်သခင်အစစ်အမှန်

တစ်လှမ်းချင်းလှမ်း‌လာသော ခြေလှမ်းများကညင်သာသော်လည်း ပကတိရွှေအစစ်ဖြင့်ပြုလုပ်ထားသောရွှေဖိနပ်များကြောင့် အရှိန်အဝါကိုပင်ပို၍ထုတ်လွှင့်နေသယောင်။

ကျော့ရှင်းသောခန္ဓာကိုယ်နှင့်ရှည်လျားသောအရပ်၊ကြည်လင်သော အသားအရေ အပြင် ရစ်မူးဖွယ်နတ်ဒေဝါအလှတရားကိုပါ ထပ်မံပေါင်းထည့်ထားသည့် လူသားတစ်ယောက်.....သို့မဟုတ် အနောက်နန်းဆောင်တစ်ခုလုံး၏ ပဲ့ကိုင်ရှင်.....။

အနီရောင်ပိုးပုဆိုးနှင့် အပေါ်၀တ်ရုံအဖြူပါးကိုတွဲဖက်၀တ်ဆင်ထားပြီးသေသပ်စွာထုံးထားသော ဆံထုံးကြောင့်ခပ်သွယ်သွယ်မျက်နှာကျက မြင်ရသူအဖို့ သူမတူသော အရှိန်အဝါတစ်ခုကိုပေးစွမ်းစေသည်။

မဟာဧကရီ ဟန်တျာသည် ပြန်ကြွလာခဲ့ပြီ.....။

တမဟုတ်ချင်းပင် ခန်းမတစ်ခုလုံးရှိ မိဖုရား ၊ ကိုယ်လုပ်တော် ၊ အစေခံ ၊ နန်းတွင်းသူများ အားလုံး ကြမ်းပြင်ပေါ်တွင်၀ပ်တွားကာအရိုအသေပေးလိုက်ကြရသည်။

"အရှင်ဧကရီကို ဂါရ၀ပြုပါတယ်"

ပုံမှန်ဆိုပါက အရှင်ဧကရီက ကောင်းပြီဟုဆိုကာ အားလုံးကို သင့်တော်သလိုခစားကြရန်ပြောရမှာဖြစ်ပေမယ့် ဟန်တျာကဘာစကားမှမဆိုဘဲ ခန်းမတစ်ခုလုံးကိုခြုံငုံကြည့်လိုက်သည်။

"ငါမရှိတုန်းကို အနောက်နန်းဆောင်က ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာပေါ့ "

တည်ကြည်ကာ ချိုမြိန်သည့်အသံလေးက ခပ်ပြတ်ပြတ်နှင့် သေသပ်စွာအပိုအလိုမရှိ ထွက်ပေါ်လာသောအခါ အားလုံးအပေါ်တွင်ကျရောက်နေသည့်ဖိအားကကြီးမားလှသည်။

"ငါ တာ၀န်လွှဲအပ်ထားတဲ့ စက္ခံမိဖုရားကြီးကငါမရှိတုန်းမှာ.....ဒီလိုမျိုးကြမ်းပြင်ပေါ်မှာလဲကျရတဲ့အထိကို ကမောက်ကမဖြစ်နေရတယ်ပေါ့.....!"

"အရှင်...အဲ့ဒါက.."

"ဒါကငါ့ကိုမလေးစား မကြည်ညိုတာလို့ပဲ မှတ်ယူထားတယ်"

ဟန်တျာက မည်သည့်ရှင်းပြချက်ကိုမှလက်မခံဘဲသူ၏စကားကိုသာဆက်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now