EPISODE (59)

6.8K 978 57
                                    


------------------------------------
Unicode
တိုက်ပွဲမှာဘယ်သူကရှင်ဘုရင်လဲ

အမှောင်လောက၏မိစ္တာများက သူတို့၏ကြီးမား‌သော တိရစ္ဆာန်အသွင်အပြင်များကိုပြောင်းလဲကာတိုက်ခိုက်ရန်ပြင်ဆင်ကြပြီးအချို့သော စုန်းမများက လေပေါ်တွင်ပျံဝဲကာ တိုက်ပွဲကိုစတင်နေပြီဖြစ်သည်။

စုန်းမများသည် ၎င်းတို့အဆင့်မြင့်လေ မြင်နိုင်သောအကွာအဝေးကပိုရှည်လေဖြစ်ပြီး စွမ်းအင်လုံး၏အစွမ်းအစကကြီးမားလေဖြစ်သည်။ယခုတိုက်ပွဲစသော အခါ သူမတို့သည် ကျန်စစ်သည်များထက်ရှေ့သို့ပျံကာသွားကြပြီး လူသားစစ်သည်များကို ၎င်းတို့၏စိတ်စွမ်းအင်လုံးများဖြင့်တိုက်ခိုက်ကြသည်။မူလသဘောတရားအရ သာမန်လူသားများသည် အဆင့်မြင့် စုန်းမများကိုမယှဉ်နိုင်သော်လည်း...။

"ဝုန်း....ဝုန်း....ဝုန်း...။"

စိတ်စွမ်းအင်လုံးများက စစ်သည်များကိုထိခတ်သော်လည်း ဝုန်းခနဲ ပြန်ကန်ထွက်ကာ ပျက်ပြယ်သွားကြသည်။စုန်းမများသည်အတော်ကြာအောင်အကြောင်းအရင်းရှာမရဖြစ်နေဆဲဖြစ်သည်။

သေမင်းစစ်သည်များသည် အမှောင်လောကအတွင်းသို့ထုလိုက်ထည်လိုက် ချီတက်နေကြပြီး ၎င်းတို့၏အနောက်မှလည်းမှော်ပညာရှင်များက လေပေါ်မှပျံသန်းကာ ၎င်းတို့အပေါ်ကျရောက်လာသည့်စုန်းမများ၏တိုက်ခိုက်မှုကိုကာကွယ်ပေးထားသည်။

"ဝုန်း"

စုန်းမများသည် စစ်သည်များအပေါ်မထိခိုက်ရခြင်းအကြောင်းကိုရှာတွေ့သွားကြပြီး အနောက်မှ မှော်ပညာရှင်များကိုသာတိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ကြသည်။

စုန်းမီးလုံးတစ်လုံးကမှော်ပညာရှင်တစ်‌ယောက်၏ဦးခေါင်းတည့်တည့်သို့ ဦးတည်ကာရောက်ရှိလာသော်လည်း တစ်လံအကွာတွင် ဝုန်းခနဲမြေပြင်ပေါ်သို့ကျသွားသည်။

"သတိထား!"

စစ်သူကြီးမဟာသီဟကရုတ်တရက်အော်ကာ ထိုမီးလုံးကြီးကိုသူ၏စိတ်စွမ်းအားဖြင့်ရိုက်ထုတ်လိုက်ခြင်းဖြစ်သည်။

အနောက်မှစစ်သည်များနှင့်ကျန်ခဲ့သော ဟန်တျာက ထိုအရာကိုသိမြင်ပြီးနောက် အနားမှ ခြေမြန်စစ်သည်လေးအား ပစ္စည်းတစ်ခုကိုပေးကာ စစ်သူကြီးလက်ထဲသို့ပေးရန်မှာကြားလိုက်သည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်းWhere stories live. Discover now